Friday, May 2, 2014

ဘာသာရေး လွတ်လပ်ခွင့် အနည်းဆုံးနိုင်ငံတွေထဲ မြန်မာပါဝင်

ABC

ကမ္ဘာပေါ်က ​ဘာသာရေး ​လွတ်လပ်ခွင့် ​အနည်းဆုံး ​နိုင်ငံ ​၈ ​နိုင်ငံ ​စာရင်းထဲမှာ ​မြန်မာနိုင်ငံလည်း ​တနိုင်ငံ ​အပါအ၀င်ဖြစ်တယ်လို့ ​အမေရိကန် ​နိုင်ငံတကာ ​ဘာသာရေး ​လွတ်လပ်ခွင့် ​ကော်မရှင်အဖွဲ့ ​USCIRF ​က ​ထုတ်ပြန် ​လိုက်ပါတယ်။

ဧပြီလ ​၃၀ ​ရက်နေ့မှာ ​ထုတ်ပြန်တဲ့ ​အမေရိကန် ​နိုင်ငံတကာ ​ဘာသာရေး ​လွတ်လပ်ခွင့် ​ကော်မရှင်ရဲ့ ​အစီရင်ခံစာမှာ ​မြန်မာနိုင်ငံ ​အတွင်းက ​ဖြစ်ပွားခဲ့တဲ့ ​သာသာရေးနဲ့ ​လူမျိုးရေး ​ပြဿနာတွေနဲ့ ​မွတ်စလင် ​လူမျိုးတွေအပေါ် ​အကြမ်းဖက် ​ဖိနှိပ် ​တိုက်ခိုက် ​ခံခဲ့ရတာတွေကို ​အဓိက ​ဖော်ပြထားပါတယ်။

ခရစ္စယာန် ​ဘာသာရေး ​ကိုးကွယ်ကြတဲ့ ​တိုင်းရင်းသား ​ဒေသတွေမှာလည်း ​ဖိနှိပ် ​ညှင်းပမ်းမှုတွေ ​ရှိတယ်လို့လည်း ​အဆိုပါ ​အစီရင်ခံစာက ​ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ​လူ့အခွင့်ရေး ​အထူး ​ကိုယ်စားလှယ်ရဲ့ ​၂၀၁၃ ​ခုနှစ် ​အစီရင်ခံစာ ​အပေါ် ​အခြေခံပြီးတော့ ​ကချင်ပြည်နယ်မှာ ​ဖြစ်နေတဲ့ ​ထိုးစစ်စင်မှုတွေ ​အတွင်းမှာ ​ခရစ္စယာန် ​သာနာပြု ​အဖွဲ့ဝင်တွေကို ​အတင်းအဓမ္မ ​ပေါ်တာခိုင်း ​စေတာတွေနဲ့ ​ဘာသာရေး ​အဆောက်အဦး ​ဆောက်လုပ်ခွင့် ​ကန့်သတ်တာတွေ ​ရှိနေတယ်လို့ ​ဆိုပါတယ်။

ဘာသာရေး ​လွတ်လပ်ခွင့်အပေါ် ​ဖိနှိပ်တဲ့ ​ကျန်အဆိုးဆုံး ​၇နှစ် ​နိုင်ငံတွေကတော့ ​တရုတ်၊ ​အီရန်၊ ​မြောက်ကိုရီးယား၊ ​ဆော်ဒီအာရေးဘီးဟား၊ ​ဆူဒန်၊ ​အူဘက်ကိစ္စတန်နဲ့ ​အီရီထရီးယား ​နိုင်ငံတို့ဖြစ် ​တယ်လို့ ​ဆိုပါတယ်။

အဲ့ဒါအပြင် ​ပါကစ္စတန်၊ ​အီဂျစ်၊ ​အီရတ်၊ ​နိုင်ဂျီးရီးယား၊ ​တာဂျီကိစ္စတန်၊ ​ထပ်ခ်မီနစ္စတန်နဲ့ ​ဗီယက်နမ် ​နိုင်ငံတွေ ​ကိုလည်း ​ဘာသာရေး ​လွတ်လပ်ခွင့်နဲ့ ​ပတ်သက်ပြီး ​စောင့်ကြည့်ရမယ့် ​စာရင်းထဲမှာ ​ထည့်သွင်းဖို့ကိုလည်း ​အမေရိကန် ​နိုင်ငံတကာ ​ဘာသာရေး ​လွတ်လပ်ခွင့် ​ကော်မရှင်အဖွဲ့ ​USCIRF ​က ​အဆိုပြုထားပါတယ်။

No comments: