Sunday, May 25, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အင်အန်ဒီနှင့် ၈၈ ဟင်္သာတတွင်ဟောပြော

စည်သူမောင်မောင်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ ပူးပေါင်းကာ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဟောပြောပွဲကို မေလ ၂၅ရက် နေ့လည် ၁နာရီက စတင်ခဲ့သည်။

ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ တက်ရောက် ဟောပြောခဲ့သည်။

ဟောပြောပွဲတွင် ကိုမင်းကိုနိုင်က "လက်နက်ဆိုတာ ခြိမ်းခြောက်ရုံပဲ တတ်နိုင်တယ်"ဟု ပြောခဲ့သည်။

ဟောပြောပွဲကို ဟင်္သာတမြို့ ဟုန်းစံစီခန်းမတွင် ပြုလုပ်ခဲပြီး လူအင်အား တစ်သောင်းခန့် တက်ရောက်ခဲ့သည်။

No comments: