ABC
ရန်ကုန်တိုင်းတရားရုံးဖြစ်တဲ့ စုပေါင်းရုံးကို ဟိုတယ်အဖြစ် ဆောက်လုပ်ခွင့်ပြုလိုက်တဲ့အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နဲ့ လုပ်ကိုင်ခွင့်ရတဲ့ ကျားပျံ Engineering ကုမ္ပဏီတို့ကို မြန်မာနိုင်ငံရှေ့နေများကွန်ယက်က တရားစွဲဆိုသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် တရားစွဲဆိုမူမတိုင်ခင်မှာ လုပ်ကိုင်ခွင့်ရ ကျားပျံ Engineering ကုမ္ပဏီ နဲ့ဆွေးနွေးမူတွေကို တစ်လအတွင်းပြုလုပ်မှာဖြစ်ပြီးတော့ အဲဒီ ဆွေးနွေးမူ အဆင်မပြေ ဘူးဆိုရင် တရားစွဲ မှာဖြစ် ကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကွန် ယက် က ရှေ့နေ ဦးအေးမင်းက ခုလိုပြောပါတယ်။
“သူတို့လိုက်ရောမူရှိမရှိ တပတ်တိုင်သည် နှစ်ပတ်တိုင်သည် တစ်လတိုင်သည်ပေါ့နော် ပြီးတော့မှ ရှေ့နေကွန်ယက်က အစည်းအဝေးဆုံးဖြတ်ချက်အရ တရားစွဲဆိုမယ်။”
အဆိုပါ စုပေါင်း တရားရုံးကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ကျားပျံ Engineering ကုမ္ပဏီကို ဟိုတယ်အဖြစ် ငှားရမ်းခွင့်ပေးခဲ့ပြီး အခုအခါမှာ ဟိုတယ်ဆောက်လုပ်ဖို့ပါ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
အခုလို တရားစွဲဆိုမှု ဖြစ်လာရတာက မြန်မာ့ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်တဲ့ စုပေါင်းရုံးကို ဟိုတယ်အဖြစ် ဆောက်လုပ်လိုက်တာကြောင့်ဖြစ်ပြီး အဲဒီလို ဟိုတယ်အဖြစ် ဆောက်လုပ်လိုက်မယ် ဆိုရင် တရားစီရင်ရေးပိုင်းမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
ဒါ့အပြင် စုပေါင်းတရားရုံးကို ဟိုတယ်အဖြစ် ဆောက်လုပ်ခွင့်ပေးလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ မေလ (၂၈) ရက်နေ့ကျရင် ရှေ့နေများကွန်ယက်အဖွဲ့က ဆန္ဒပြသွားမှာ ဖြစ်ပြီး အဲဒီအတွက် သက်ဆိုင်ရာဆီက ခွင့်ပြုမိန့်ရထားပြီဖြစ်ကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။
No comments:
Post a Comment