ဖြိုးဝေလင်း
အမြန်ရထားစီးလာသည့် အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်းဘူတာ အနီးတွင် ဧပြီ ၃၀ရက်၊ နံနက်ပိုင်းက ရထားပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက မှုခင်းသတင်းထုတ်ပြန်သည်။
သေဆုံးသူသည် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ တိုးချဲ့(၃)လမ်း၊ (က) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မော်လမြိုင်မြို့မှ ပြန်လာစဉ် ရထားပေါ်မှအဆင်း ခြေချော်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်-မော်လမြိုင် အမှတ်(၃၆)အစုန် စက်ခေါင်းအမှတ် DF 1324 အမြန်ရထားသည် နှင်းဆီကုန်း ဘူတာ အရောက် အရှိန်လျှော့ မောင်းနှင်နေစဉ် အဆိုပါရထားပေါ်တွင် လိုက်ပါစီးနင်းလာသူ အသက်(၃၅)နှစ် အ ရွယ် ကိုဝင်းနိုင်(ခ) ရှဖစ်သည် ရထားပေါ်မှအဆင်း ခြေချော်ကာ ရထားအောက်သို့ ရောက်ရှိသွားပြီး ရထား ကြိတ်မိသဖြင့် ဦးခေါင်းနှင့် ယာလက်မောင်းရင်းပြတ်၊ ဘယ်ခြေသလုံးကျိုးကြေမွ ဒဏ်ရာများဖြင့် သေဆုံးခဲ့ သည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် သေဆုံးသူအား မြောက်ဥက္ကလာပဆေးရုံမှ ပီအာရ်-၂ ဖြင့် လက်ခံထားပြီး ဒု-ရဲအုပ် အောင်မျိုးဦးက တရားလို ပြုလုပ်ကာ သေမှုသေခင်းအမှတ်စဉ် (၄/၁၄)ဖြင့် အမှုဖွင့်ထားသည်။
No comments:
Post a Comment