စည်သူမောင်မောင်
အလုပ်သမားများ လုပ်ခလစာမလုံလောက်မှု အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးရန်နှင့် အလုပ်သမားအခွင့်အရေးကို အပြည့်အ၀လုပ်ဆောင်ပေးရန် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သည့် မေလ ၁ ရက်(မေဒေး) နေ့တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအတွင်းရေးမှူး ဦးနော်အောင်မှ ဦးဆောင်ကာ ပုသိမ်မြို့တွင်း တောင်းဆိုပွဲပြုလုပ်လိုက်သည်။
“အလုပ်သမားထုတစ်ခုလုံးက လုပ်ခလစာ မလုံလောက်မှုကို အကုန်လုံး ရင်ဆိုင်နေရတယ်။ အဲဒါကို အစိုးရ နည်းလမ်းမှန်မှန်ကန်ကန်နဲ့ အလုပ်သမားထုကို ဆင်းရဲတွင်းကနေ ကယ်တင်ပေးပါ။ အလုပ်သ မားအခွင့်အရေးတွေဖြစ်တဲ့ လုပ်သက်ခွင့် ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေ၊ ဆေးပေးခန်းတို့ လူမှုဖူလှုံရေး တို့ဟာ အလုပ်သမားဖြစ်ပြီဆိုတာနဲ့ ခံစားရတဲ့အရာတွေပါ။ ကျွန်တော်တို့နိုင်ငံမှာ တော်တော်များများ မခံ စားရဘူး။ အလုပ်သမားအခွင့်အရေးရတယ်။ စက်ရုံတွေက လက်ချိုးရေတွက်လိုရတဲ့ အနေအထားမှာပဲ ရှိသေးတယ်”ဟု ဦးနော်အောင်က ပြောသည်။
အလုပ်ချိန်ကို နိုင်ငံတကာအလုပ်ချိန်အတိုင်း တစ်ရက်ရှစ်နာရီ သတ်မှတ်ပေးရန်၊ အလုပ်သမားဆေးရုံ များ ဆောက်လုပ်ပေးရန်၊ နေ့စားလုပ်သားများနှင့် လယ်ကူလီ၊ ကပ်ပါးအလုပ်သမားများကို အလုပ်သမား စာရင်းသွင်းပြီး ဘ၀လုံခြုံမှုအတွက် အာမခံချက်ရရှိအောင် အစိုးရမှဆောင်ရွက်ပေးရန်၊ အစိုးရမှ ပြဋ္ဌာန်း ထားသော အလုပ်ရှင်အလုပ်သမားဥပဒေများနှင့်အညီ အကျိုးခံစားခွင့်များကို တိတိကျကျ ကြားနာဆောင် ရွက်ပေးရန် စသည့် အချက်(၇)ချက်အား ထုတ်ပြန် တောင်းဆိုခဲ့သည်။
“အလုပ်ချိန်ကိုလည်း တိတိကျကျ သတ်မှတ်ပေးဖို့ ဖြစ်စေချင်တယ်။ အလုပ်ရှင်က သူတို့အလုပ်မပြီးလို့ မပြန်ရလည်း အချိန်ပိုမပြောနဲ့ ပိုက်ဆံပိုပေးတာမျိုးလည်း မရှိဘူး။ အလုပ်သမားအခွင့်အရေးဆိုတာကို သေချာလည်း မသိဘူး”ဟု အလုပ်သမားနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဆန်စက်အလုပ်သမား တစ်ဦးက ပြောသည်။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ကိုစိုးလှိုင်ဦးကလည်း အ လုပ်သမားများအနေဖြင့် မိမိတို့ရပိုင်ခွင့်ကို သိရှိရန်လိုကြောင်း ယင်းသို့ကိုယ်ပိုင်အခွင့်အရေးများ မသိနား မလည်ခြင်းကြောင့် ခေါင်းပုံဖြတ်ခံရသည်ပင် မသိရှိသည်များလည်း ရှိကြောင်း၊ အလုပ်ချိန်ကိုလည်း သတ်မှတ်ချက် ရှစ်နာရီကျော်က အချိန်ပိုလုပ်ခမရဘဲ ဆင်းပေးနေကြကြောင်း သုံးသပ်ပြောဆိုသည်။
ပုသိမ်မြို့၊ မာတရပ်၊ အောင်ရွှေဖူးဆန်စက်ရှေ့တွင် ကမ္ဘာ့အလုပ်သမားနေ့ကို ပထမဆုံးအကြိမ်ဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၊ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ (Networking of Human Rights) အဖွဲ့နှင့် အလုပ်သမားများ တက်ရောက်သည်။
No comments:
Post a Comment