ဇာဏီထွဏ်း
မြန်မာနိုင်ငံ မျိုးစိတ်ရင်းဖြစ်သည့် မျိုးတုံးရန် အလွန်နီးသော လိပ်ကတုံး(Batagur affinis)နှင့် သောင်လိပ် (Bata-gur baska) မျိုးစိတ်များကို နှစ်နှစ်အတွင်း ရှာဖွေတွေ့ရှိမှု မရှိသဖြင့် လာမည့်ဇူလိုင်လမှ စတင်ကာ ကမ်းရိုးတန်းတစ်လျှောက် ထပ်မံ ရှာဖွေထိန်းသိမ်းသွားမည်ဖြစ်ဟု သားငှက်တိရစ္ဆာန် ထိန်သိမ်းရေးအဖွဲ့ လိပ်ထိန်းသိမ်းစောင့်ရှောက်ရေး ညှိနှိုင်းရေးမှူး ဒေါ်ကလျာက မဇ်္ဈိမကို ပြောသည်။
လိပ်ကတုံးနှင့် သောင်လိပ်များသည် ဒီရေတောပေါက်ရောက်ရာ ဒေသများတွင် နေထိုင်သည့် လိပ်မျိုးစိတ် များ ဖြစ်သောကြောင့် ဒီရေတောပေါက်ရောက်ရာ ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီကမ်းရိုးတန်း ဒေသများကို ရှာဖွေသွားမည်ဖြစ် သည်ဟု ၎င်းက ဆိုသည်။
WCS အဖွဲ့အနေဖြင့် ၂၀၀၆ ခုနှစ်က လိပ်မျိုးစိတ်များ စစ်တမ်းကောက်ယူရာတွင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းရှိ ဒီရေတောများတွင် တွေ့ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပြန်လည်စစ်တမ်းကောက်ယူရာ၌ လုံးဝ ရှာဖွေ တွေ့ရှိတော့ခြင်း မရှိရခြင်းကြောင့် ထပ်မံရှာဖွေရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အထီး၊ အမ လေးများရရင် သား ဖောက်လို့ရတယ်။ ဒီရေတောတွေ ပြုန်းတီးတာ၊ ပုစွန်ကန်တွေ လုပ်တာကြောင့် သူတို့ နေရာတွေအတွက် နေရာပျောက်ကုန်တာ” ဟု ဒေါ်ကလျာက ဆက်လက်ပြောကြားသည်။
မေလ ၂၃ ရက်သည့် ကမ္ဘာ့လိပ်ထိန်း သိမ်းရေးနေ့ဖြစ်သည်။လိပ်မျိုးစိတ်များသည် မျိုးတုံးပျောက်ကွယ်ရသည့် အကြောင်းအရင်းများတွင် ဒီရေတောများ ပျက်စီးခြင်းကြောင့်ဖြစ်သည်ရခိုင်ကမ်းရိုးတန်း တစ်လျှောက်ရှိ ဒီရေတောများသည် ၅၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်ဟု ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသ လူနေမှုဆိုင်ရာတန်ဖိုးများ ပြန်လည်ထူထောင်ရေးစီမံကိန်း (CLlEARR) မန်နေဂျာ ဦးဝင်းမောင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ လိပ်မျိုးရင်းများဖြစ်သည့် လိပ်ကတုံးနှင့် သောင်လိပ်အပြင် မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ရခိုင်တောင်လိပ်(Heosemys depressa)၊ ကြယ်လိပ်( Geochelone platynota)၊ စင်းကျားလိပ်(Chitra vandijkii)တို့လည်း ရှိနေသေးသည်ဟု ဒေါ်ကလျာက ပြောသည်။
No comments:
Post a Comment