ABC
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို အများပြည်သူတွေ သိမြင်နိုင်ဖို့အတွက် မနေ့က ရန်ကုန်မြို့မှာ ရှင်းလင်းပြခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပထမ အကြိမ် သူတို့ရဲ့လုပ်ငန်းတွေကို အများပြည်သူရှေ့မှာ ချပြခဲ့တာဖြစ်ပါတယ်။
ရှင်းလင်းပွဲမှာ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး မှောင်ခို ကုန်ကူးမှုနဲ့ ခရီးသွားလာမှု လုံခြုံရေးတွေ အပါအ၀င် ပြခန်းတော်တော် များများကို ရှင်းလင်း ပြသခဲ့ပါတယ်။ ရဲဌာနရဲ့ နေ့စဉ် ရုံးလုပ် ငန်း ခွင် တွေ ကို လည်း ဒေသခံ ပြည်သူတွေကို ၀င်ရောက် ကြည့်ရှုခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
အရင်တုန်းက ဒေသခံ ပြည်သူတွေက သူတို့နဲ့ စကားမပြောရဲကြပေမယ့် အခုအခါမှာ ဒေသခံတွေက အကူအညီ တောင်းမယ်ဆိုရင် ရဲတပ်ဖွဲ့အနေနဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်ကြောင်း၊ ဒေသခံတွေ တောင်းဆိုတဲ့ အတိုင်း ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ကိုလည်း ကာကွယ် ထိန်းသိမ်းပေး သွားမှာ ဖြစ်ကြောင်း ရဲအရာရှိ ဦးသိန်းအောင်က ပြောပါတယ်။
မနက် ကိုနာရီကနေ ညနေ နှစ်နာရီ အထိ ပြုလုပ်တဲ့ ရဲတပ်ဖွဲ့ လုပ်ငန်း ရှင်းလင်း ပြသပွဲကို ဒေသခံ ပြည်သူ ထောင်နဲ့ချီ သွားရောက် ကြည့်ရှုခဲ့ကြပြီး ဒေသခံပြည်သူတွေနဲ့ ပိုမို ထိတွေ့ ဆက်သွယ်နိုင်ဖို့ အတွက် ဒီလို ရှင်းလင်းပွဲမျိုးတွေကို ဆက်လက် လုပ်ဆောင် သွားဖို့ရှိကြောင်း လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့တွေကို ၂၄ နာရီပတ်လုံး တာဝန်ချထားမှာဖြစ်သလို သူတို့ကို ဆက်သွယ်နိုင်မယ့် အချက်အလက်တွေကိုလည်း နီးစပ်ရာ ရဲစခန်း၊ အင်တာနက် ၀ဘ်ဆိုက်နဲ့ ရဲတွေရဲ့ နံမည် ကပ်ပြား တွေကနေတဆင့် ရယူနိုင်ကြောင်း ဒေသခံ တွေကပြောပါတယ်။
ရဲတပ်ဖွဲ့ လုပ်ငန်း ရှင်းလင်း ပြသပွဲကို သွားရောက်ကြည့်ရှုခဲ့တဲ့ ရန်ကုန် ဒေသခံ မချောစု ရဲ့ အဆိုအရ မြန်မာရဲတွေဟာ အတော်လေးကို ပြောင်းလဲသွားကြောင်း၊ အခုဆိုရင် သက်ဆိုင်ရာ အချက်အလက် တွေကိုလည်း လက်ကမ်းစာဆောင်တွေကနေတဆင့် ဖြန့်ဝေမှုတွေလုပ်သွားမှာ ဖြစ်သလို ကလေးငယ် တွေအနေနဲ့ လမ်းဖြတ်ကူးတဲ့အခါ လုံခြုံမှုရှိဖို့အတွက်လည်း သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ယခုနှစ် နှစ်ဆန်းပိုင်းကနေ စပြီးတော့ ဥရောပ သမဂ္ဂက ကူညီ လေ့ကျင့် သင်တန်းပေးခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment