Tuesday, May 27, 2014

ရွေးကောက်ပွဲ ကော်မရှင်က NLD ထံ သတိပေးစာ ပေးပို့ခဲ့

ABC

အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​(NLD) ​နဲ့ ​၈၈ ​မျိုးဆက် ​ပွင့်လင်း ​လူ့အဖွဲ့ ​အစည်းတို့ ​မေလ ​၁၈ ​ရက်နေ့တုန်းက ​ပြုလုပ်တဲ့ ​ဟောပြောပွဲဟာ ​အခြေခံ ​ဥပဒေကနေ ​ခွင့်ပြုထား ​တဲ့ဘောင်ကို ​ကျော် ​လွန် ​ရာ ​ရောက် ​ကြောင်း ​ပြည်ထောင်စု ​ရွေးကောက်ပွဲ ​ကော်မရှင် ​က ​NLD ​ပါတီ ​ဥက္ကဌ ​ဒေါ်အောင် ​ဆန်း ​စုကြည် ​ဆီကို ​သတိပေးစာ ​ပေးပို့ ​လိုက်ပါတယ်။

မန္တ ​လေးမြို့ ​အောင် ​ပင် ​လယ် ​ကွင်း ​ဟောပြော ​ပွဲမှာ ​ဒေါ်အောင်ဆန်း ​စုကြည်က ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်နိုင် ​ရေးအ ​တွက် ​တပ်မတော် ​သားတွေ ​အနေနဲ့ ​ လွတ်တော်တွင်း ​ကနေ ​ပါဝင်ဆောင် ​ရွက်ကြဖို့ ​ပြော ​ဆိုရာ ​မှာ ​’’ကျုပ်တို့တွေ ​ဟာအာဏာ ​မက်မောလို့၊ ​အထူးအခွင့် ​အရေး ​မက်မောလို့၊ ​နေရာ ​မက်မောလို့ ​လုပ်နေ ​တာမဟုတ် ​ဘူးဆိုတာ ​သက်သေ ​ထူပါလို့ ​ကျမက ​တိုက်တွန်း ​ချင်ပါတယ်၊ ​တနည်း ​အားဖြင့်ပြော ​ရရင် ​စိန်ခေါ်မှုတခုလို့ ​လည်း ​ပြောလို့ရပါတယ်၊ ​ကျမစိန်ခေါ်ပါတယ်’’ ​ဆိုတဲ့ပြော ​ဆိုချက်အပေါ် ​ရွေးကောက် ​ပွဲကော်မ ​ရှင်က ​သတိပေး ​စာပေးပို့ခဲ့တာပါ။

မန္တလေးမြို့ ​အောင်ပင် ​လယ်ကွင်း ​မှာ ​ပြုလုပ်ခဲ့တဲ့၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ထဲက ​ပုဒ်မ ​၄၃၆ ​ပြင်ဆင်ရေး ​ဟောပြောပွဲမှာ ​တပ်မတော်သား ​လွှတ်တော် ​ကိုယ်စား ​လှယ်တွေနဲ့ ​ပတ်သက်တဲ့ ​ဒေါ်အောင်ဆန်း ​စုကြည်ရဲ့ ​ပြောဆို ​ချက်ဟာ ​ပြည်ထောင်စု ​ရွေးကောက် ​ပွဲကော်မရှင် ​ပြောသလို ​ဥပဒေနဲ့ ​ငြိစွန်းတာမရှိဘူးလို့ ​NLD ​ပြောရေး ​ဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ​ဦးဝင်းမြင့်က ​အခုလို ​တုန့်ပြန်လိုက်ပါတယ်။

“အဲဒါနဲ့ ​ပတ်သက်လို့ ​ကျနော်အမြင်ပြောမယ်ဆိုရင်တော့ ​အဲမှာ ​ကျနော် ​ကိုယ်တိုင် ​လည်းပါတာပဲ ​အဲဒီဟောပြောပွဲ ​တုန်းက ​ကျနော်တို့ ​ဥက္ကဌပြောတာကို ​ကျနော် ​တို့နားထောင်နေတာပဲ၊ ​ဒီဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေနဲ့ရော၊ ​နိုင်ငံရေး ​ပါတီမှတ်ပုံတင် ​ဥပဒေနဲ့ရော ​တခြား ​ဘယ်ဥပဒေနဲ့မှ ​ငြိစွန်း ​တာမရှိဘူးဗျ၊ ​ပြည်သူလူထုအားလုံးပေါ့နော် ​ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကို ​သူကတိုက်တွန်းတာ၊ ​အဲဒီပြည်သူလူထုအားလုံးထဲမှာ ​တပ်မတော်သားလည်း ​ပါတာပေါ့၊ ​တပ်မတော်သားလည်းပါတဲ့အခါကျတော့ ​ဒါကိုပြောတာပဲရှိတယ်ဗျ၊ ​ပြည်သူထဲမှာ ​တပ်မတော်သား ​တွေလည်းပါတယ်၊ ​ဒါကိုတိုက်တွန်းတယ်ပေါ့၊ ​အဲလိုတိုက်တွန်းတယ်ပြောတဲ့ဟာက ​ဘယ်ဥပဒေကိုမှ ​ချိုးဖောက် ​ခြင်းမရှိဘူးဗျ။”


ကော်မရှင်ကပေးပို့တဲ့စာထဲမှာ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ် ​တစ်ဦး ​ဖြစ်တာနဲ့ ​အညီ ​ဖွဲ့စည်းပုံအခြေခံဥပဒေကို ​ထိန်းသိမ်းစောင့်ရှောက်ပြီး ​နိုင်ငံတော် ​ဥပဒေများကိုလည်း ​လိုက်နာပါ့မယ်လို့ ​ဂတိသစ္စာပြုထားသူ ​ဖြစ်တယ်လို့ ​ပါရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ​ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ​သတိပေး ​အကြောင်းကြားစာနဲ့ ​ပတ်သက်လို့ ​ပါတီတာဝန်ရှိသူတွေအနေနဲ့ ​ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ ​ပြောပါတယ်။

ပုဒ်မ ​၄၃၆ ​ပြင်ဆင်ရေးနဲ့ ​ပတ်သက်ပြီး ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ​၈၈မျိုးဆက်ပွင့်လင်း ​လူ့အဖွဲ့အ ​စည်းတို့ ​ပူးပေါင်းပြီး ​မေလ၁၇ရက်နဲ့ ​၁၈ရက်နေ့က ​ရန်ကုန်နဲ့ ​မန္တလေးမြို့မှာ ​ဟောပြောပွဲတွေ ​ကျင်းပခဲ့တာဖြစ် ​ပြီး ​ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မ ​၄၃၆ပြင်ဆင်နိုင်ရေး ​လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုကိုတော့ ​ဒီကနေ့ ​မေလ ​၂၇ရက်ကနေစတင်ပြီး ​ဇူလိုင်လ ​၁၉ ​ရက် ​နေ့ထိ ​တနိုင်ငံလုံးအတိုင်းအတာနဲ့ ​လုပ်ဆောင်သွားမှာ ​ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ​ ဒေါ်အောင်ဆန်းစုကြည်ဟာ ​နေပြည်တော်ရှိ ​ဥတ္တရသီရိမြို့နယ်၊ ​ပုဗ္ဗသီရိမြို့နယ်၊ ​ဇေယျာသီရိမြို့နယ် ​၊ ​ဇမ္ဗူသီရိမြို့နယ်နဲ့ ​ဒက္ခိဏသီရိမြို့နယ်တွေမှာ ​မိန့်ခွန်းတွေ ​ပြောကြားဖို့ ​ရှိတယ်လို့လည်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: