စည်သူအောင်
နိုင်ငံတကာငွေပေးချေမှုနည်းပညာ လုပ်ငန်းတစ်ခုဖြစ်သောVisa ကတ်သည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ် ရန်လျှောက် ထားခဲ့ပြီး ယာယီဖွဲ့စည်းခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
Visa ကတ်သည် မြန်မာနိုင်ငံတွင်လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်အတွက် ရုံးခွဲဖွင့်လှစ်ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော Visa Worldwide Singapore Pte.Ltd ၏ ရုံးခွဲအနေဖြင့်လာ ရောက်ဖွင့် လှစ်ခြင်းဖြစ်သည်။
Visa သည် မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ မြန်မာ့ရှေ့ ဆောင်ဘဏ် ကဲ့သို့ ပြည်တွင်းဘဏ်များနှင့်ချိတ်ဆက် လုပ်ကိုင်ခြင်းဖြစ်သည်။ ဘဏ်များမှ တပ်ဆင်ထား သော အေတီအမ်စက်များ၊ POS(Point of Sale) အရောင်းဆိုင်များမှ တစ်ဆင့် Visa ကတ်အပါအ၀င် နိုင်ငံတကာငွေပေးချေကတ်များကို အသုံးပြု နိုင်သည်။
မြန်မာနိုင်ငံအတွင်းVisa၊ Master ကတ်ကဲ့သို့ နိုင်ငံတကာငွေပေးချေကတ် သုံးစွဲမှုပုံမှန်မြင့်တက်လျက်ရှိပြီး ဧပြီလ စာရင်းများအရ ပြည်တွင်းဘဏ်တစ်ခုလျှင် ကတ် ၃,၀၀၀ မှ ၅,၀၀၀ ကြားထုတ်ဝေထားပြီး ဖြစ်သည်။
နိုင်ငံတာငွေပေးချေကတ်များဖြစ်သော Visa နှင့် Master တို့သည့် မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဆက်သွယ်ရေး ကွန်ရက်များဖြင့်လုပ်ဆောင်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံအခြေစိုက် CUP ကတ်နှင့် ဂျပန်အခြေစိုက် JCB ကတ်တို့သည် မြန်မာနိုင်ငံမှ Myanmar Payment Union ကွန်ရက် ဖြင့်ချိတ်ဆက်အသုံးပြုနေခြင်း ဖြစ်သည်။
Visa ကတ်သည်မြန်မာနိုင်ငံတွင် လုပ် ငန်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာဘဏ်များ၏ အေတီအမ်စက်များကိုVisa သို့ချိတ်ဆက်ကာ နိုင်ငံရပ်ခြား အေတီအမ်စက်များနှင့် POS(Point of Sale)စနစ်များကို စီမံခန့်ခွဲလျက်ရှိပြီး မိုဘိုင်း POS ငွေပေးချေမှုစနစ်ကိုပါ လုပ်ဆောင်နိုင်ရန် စီစဉ်နေသည်။
VISA ကတ်ကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး အခြား နိုင်ငံတကာသုံး ငွေပေးချေကတ်များဖြစ်သော Master ကတ်၊CUP ကတ်နှင့်JCB ကတ်တို့လည်း မြန်မာ ဈေးကွက်အတွင်း အသုံးပြုနိုင်နေပြီ ဖြစ်သည်။
No comments:
Post a Comment