Wednesday, June 11, 2014

ကံကောင်းခြင်းရတနာသစ်အချောထည် စက်ရုံပဋိပက္ခ ညှိနှိုင်းအဆင်ပြေ

အောင်ကိုဦး

စဥ့်ကိုင်မြို့နယ် ရတနာလင်္ကာရ ဘုန်းကြီးကျောင်းတွင် ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံမှ သပိတ်စခန်းဖွင့်ထားသော အလုပ်သမားများ နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှု အဆင်ပြေ၍ အလုပ်သမားများမှ လျှော်ကြေးယူကာ ဇွန်လ ၉ ရက် မွန်းလွဲပိုင်းတွင် နေရပ်သို့ ပြန်ကြပြီဖြစ်သည်။

“အခုမနက်ပိုင်းမှ ညှိနှိုင်းမှုကို လက်ခံလိုက်တာပါ။ အများဆန္ဒအရလိုက်လျောလိုက်တာပါအခုလိုလိုက်လျာ လိုက်တာဟာ ဖိအားတွေပေးလို့ လက်ခံလိုက်ရတာပါ။ ကျွန်တော်တို့တောင်းဆိုခဲ့တာ စာချုပ်ပြင်ချုပ်ဖို့နဲ့အ လုပ်ခွင်ပြန်ဝင်ဖို့ပါ”ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ကိုသက်နှင်းအောင် က မဇ္ဈိမကို ပြောသည်။

ဖိနှိပ်ခြိမ်းခြောက်ပြီး အလုပ်သမားများကို လျှော်ကြေးပေးခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် အလုပ်သမားဝန်ကြီးကို ကန့်ကွက်ရှုတ်ချကြောင်း စာပေးပို့သွားမည်ဖြစ်ပြီး လက်ရှိအစိုးရကိုလည်း အယုံအကြည်မရှိကြောင်း ကိုသက်နှင်းအောင်က ပြောသည်။

တိုင်းဒေသကြီးအစိုးရနှင့် အလုပ်သမားဝန်ကြီးသည် အလုပ်ရှင်နှင့်အလုပ်သမားကြားတွင် ပြေလည် အောင်ညှိနှိုင်းမှုများလုပ်ဆောင်ခြင်းမရှိဘဲ အလုပ်သမားခေါင်းဆောင်များကို တစ်ဖက်သတ်တရား စွဲဆို မှုများ ပြုလုပ်ထားကြောင်း ထိုသို့တရားစွဲဆိုမှုများကို လျော်ကြေးယူပြီးပါက အမှုများပိတ်သိမ်းပေးသွား မည်ဟု ဆိုသော်လည်း အာဏာပိုင်များနှင့် အလုပ်ရှင်ဘက်က တိကျသည့်အဖြေမပေးသေးသောကြောင့် တရားစွဲခံထားရသည့် အလုပ်သမားများက စိုးရိမ်နေသည်။

အလုပ်သမားခေါင်းဆောင်များနှင့် ပါဝင်ကူညီနေသူများကို နိုင်ငံတော်ပုန်ကန်မှုနှင့် တရားစွဲဆိုနေမှုများမှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့အားဖိအားပေးနေခြင်းဖြစ်ပြီး သမဂ္ဂအနေဖြင့် ဥပဒေဖိအားများ ကြောင့် ကံကောင်းခြင်းရတနာ သစ်အချောထည်အလုပ်သမားအရေးတွင် မအောင်မြင်ဘဲ အစိုးရအဖွဲ့ ကို အရှုံးပေးရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးနော် အောင်က ပြောသည်။

“ကျွန်တော်တို့သမဂ္ဂအဖွဲ့နဲ့အလုပ်သမားတွေက နိုင်ငံတော်ကို ပုန်ကန်တဲ့အလုပ်ကိုမလုပ်ဘူး။ အခွင့်အ ရေးကို တောင်းဆိုတာပါ” ဟုဦးနော်အောင်က ပြောသည်။

အလုပ်သမားများကို အလုပ်ရှင်ဘက်မှ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာနမှ သတ် မှတ်ပေးထား သောနှုန်းထားများအတိုင်း လျှော်ကြေးပေးခဲ့ပြီး အလုပ်သမားများသည် နှစ်အလိုက် လျော် ကြေး ၃ သိန်းမှ ၁၀ သိန်းထိရရှိသည်။လျော်ကြေးယူသူ ၃၆၄ ဦးရှိပြီး အဆိုပါလျှော်ကြေးယူသူများကို နေ ရပ်ပြန်ရန် အတွက်ကားဂိတ်များသို့ သက်ဆိုင်ရာမှ လိုက်လံပို့ဆောင်ပေးသည်။

အလုပ်သမားများနှင့် အလုပ်ရှင်ညှိနှိုင်းမှုမှာ သပိတ်စခန်း ၄ ရက်မြောက်တွင်ပြေလည်ခြင်းဖြစ်သည်။

No comments: