Saturday, June 28, 2014

ရန်ကုန်မြို့တွင်း ဘေလ်ဘုတ်လုပ်ခွင့်ရမည့် ကုမ္ပဏီ ဇွန်လကုန်တွင် မဲနှိုက်ရွေးချယ်မည်

နန်းမြင့်

၁၅ပေ x ၄၅ပေ ဘေဘုတ်တစ်ခုလျှင် တစ်နှစ်အတွက် ကျပ် ၁၃၅ သိန်း ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည့် ထပ်တိုးနေရာ ၆၃ နေရာအတွက် လုပ်ကိုင်ခွင့်လျှောက်ထားသည့် ပုဂ္ဂလိက ကုမ္ပဏီများကို ဇွန်လ ၃၀ရက်တွင် မဲနှိုက်ရွေးချယ်ပေးသွားမည် ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော်အတွင်း မူလလုပ် ကိုင်ခွင့်ပြုထားသည့် နေရာ ၁၂၀အပြင် နေရာ ၆၃ နေရာကို တိုးမြှင့် ထားခြင်းကြောင့် စည်ပင်ကတစ်နှစ်ငှားရမ်းလုပ်ကိုင် ခွင့်နှုန်းဖြစ်သည့် ၁၅ပေ ထ ၄၅ပေ ဘေလ်ဘုတ် တစ်ခုလျှင် ကျပ် ၁၃၅သိန်းရယူပါက စုစုပေါင်းနေရာ ၁၈၃ နေရာအတွက် စည်ပင်က ကျပ်သိန်းပေါင်း ၂၄,၇၀၅ ရရှိ မည်ဖြစ်သည်။

စီမံရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦးက “တစ်ချို့က အခုထိလျှောက်နေသေးတယ်။ လာလျှောက်တဲ့ အရည်အတွက်ကို တော့ စာရင်းမချုပ်ရသေးဘူး”ဟု ပြောသည်။

၉ပေ ထ ပေ၂၀ ယာယီဘေလ်ဘုတ်များကိုလည်း မူလငှားရမ်းလုပ်ကိုင်ခွင့်ပြုထားသည့် နေရာထက် ၁၆နေရာ ထပ်မံ တိုးမြှင့် လုပ်ကိုင် ခွင့်ပြုသွားမည်ဖြစ်ပြီး ယာယီ ဘုတ်တစ်ခုလျှင် တစ်ပတ်လျှင် ကျပ် ၃၀,၀၀၀ နှုန်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။

ယာယီဘေလ်ဘုတ်များအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီစီမံဌာနတွင် တိုက်ရိုက် လျှောက်ထား နိုင်ကြောင်းလည်း စီမံရေးရာဌာနမှ သိရသည်။တစ်နှစ်ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည့် ၁၅ပေ ထ၄၅ပေ ဘေလ်ဘုတ် ၆၃ခုအတွက်တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒဂုံ တောင်၊ ဒဂုံမြောက်၊ သင်္ဃန်း ကျွန်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ အလုံ၊ စမ်းချောင်း၊ ဒဂုံ၊ တာမွေ၊ ဒလ၊ ဒေါပုံ၊ ပုဇွန် တောင်၊ သာကေတ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်မြို့နယ်များ တွင် ထပ်မံတိုးချဲ့ငှား ရမ်း လုပ်ကိုင်ခွင့်ပြု မည်ဖြစ်ပြီး ၉ပေ ထ ပေ၂၀ ယာယီ ဆိုင်းဘုတ် ၁၆နေရာအတွက် ကြည့်မြင် တိုင်၊ တာမွေ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ သာကေတ၊ လှိုင်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ ကမာရွတ်တို့တွင် ထပ်မံတိုးမြှင့်ထား ခြင်းဖြစ်သည်။

“ကုမ္ပဏီတွေက ရန်ကုန်အတွင်းက ဘေလ်ဘုတ်ကြီးတွေကို သိပ်မလုပ်တော့ဘူး။ အခွန်ကများတယ်။ တချို့တွေဆိုရင် လူမမြင်ရတဲ့ နေရာတွေမှာဆိုတော့ မယူကြတော့ဘူး။ ကိုယ်လိုချင်တဲ့ နေရာတွေမရလို့ ကျွန်တော်ဆိုရင် စည်ပင်မှာဝင်မလျှောက်တော့ဘူး။ အခုဆောက်လုပ် ရေးဝန်ကြီး ဌာနလက်အောက်မှာရှိတဲ့ ဘေလ်ဘုတ် တွေဆိုရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်း ကို ပိုပြီးစိတ်ဝင်စားကြတယ်။ အခွန်လည်း သက်သာတယ်” ဟု ကြော်ငြာလုပ်ငန်း ရှင်တစ်ဦး (အမည် ဖော်ပြခွင့်မပြု) က ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၁၅ပေ ထ ၄၅ပေဘေလ် ဘုတ်များကို တစ်နှစ်အတွက် တစ်ပေပတ်လည်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ကျပ် ၁၃၅သိန်း ဖြင့်လည်း ကောင်း၊ ဘေဘုတ်တည်ဆောက်ခနှုန်းမှာ တစ်ပေပတ်လည်တွင် ကျပ် ၈,၀၀၀နှုန်းဖြင့်လည်း ကောင်းပေး ဆောင်ရသည်။

No comments: