Sunday, June 29, 2014

သန္တိသုခကျောင်းက ဆရာတော်ငါးပါးကို ဇူလိုင် ၄ ရက် ထပ်မံစစ်ဆေးမည်

အေးမြင့်စန်း

မဟာသန္တိသုခကျောင်းတိုက်ကိစ္စ အငြင်းပွားရာမှ သာသနာရေးက ဖမ်းဆီး တရားစွဲဆိုထားသည့် သံဃာတော်ငါးပါ အမှုကို တာမွေတရားရုံးတွင် ဇူလိုင်၎ရက်တွင် ထပ်မံစစ်ဆေးမည်ဟု သံဃာတော်များဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းက မဇ္ဈိမကိုပြောသည်။

ဇွန်လ ၂၇ရက်က ရုံးချိန်းသည် သံဃာတော်များကို စွဲဆိုထားသည့် သာသနာတော်ညိုးနွမ်းစေသည့် ပုဒ်မများဖြစ်သည့် သံဃာဝိနိစ္ဆယပုဒ်မ၁၄၊ ပုဒ်မ၂၀ /၉၀တို့နှင့် အမှန်တကယ် ညိစွန်းခြင်း ရှိမရှိကို တရားလိုဖြစ်သည့် သာသနာရေးဦးစီးဌာနမှ တိုင်းသာသနာရေးမှူး ဦးစိန်မော်ကို စတင်စစ်ဆေးခြင်းဖြစ်ပြီး ဇူလိုင်၎ရက် နေ့လည် ၁၂နာရီ ရုံးချိန်းတွင် တရားလို၏ သက်သေများကို ထပ်မံစစ်ဆေးမည်ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေဦးဇော်သိန်းထွန်းက “ပုံမှန်အပတ်စဉ် ရုံးချိန်းပေးရင်တော့ ဒီအမှုကသုံးလလောက်ကြာမြင့်နိုင်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ် တရားရုံးတွင် ဇွန်၂၇ရက် ရုံးချိန်း၌ တရားစွဲဆိုခံထားရသူ သံဃာတော်ငါးပါးသည် သင်္ကန်းဝတ်ဖြင့် တရားရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်ဆရာတော်ဦးဥတ္တရက “တစ်မျိုးသားလုံး စိတ်ဝင်စားနေတယ်ဆိုတာ ဘုန်းကြီးသိပါတယ်။ အမှန်ပေါ်လာအောင် စစ်နိုင်ဖို့ရန်အတွက် တရားလို၊ တရားခံနဲ့ သက်သေတွေအားလုံး သေသေချာကို ဘက်မလိုက်ဘဲနဲ့ အမှန်တရားတွေပေါ်အောင် စစ်နိုင်ဖို့ဆိုတာ အခွင့်ရေးက အင်မတန်မှ ရခဲတာပါ။ မီဒီယာတွေအားလုံးကို တွေ့ရတာဝမ်းသာပါတယ်။ အပင်ပန်းခံပြီး သတင်းလာယူပေးတဲ့အတွက်ဝမ်းသာပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် တမျိုးသားလုံးကနေပြီးတော့ ညီညီညွတ်ညွတ်နဲ့ မှန်တရားတွေပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကူညိဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်"ဟုမိန့်ကြာသည်။

ရုံးချိန်းသို့ ရွှေည၀ါဆရာတော်၊ ၈၈ငြိမ်းချမ်းရေနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ကိုမင်းကိုနိုင်၊ မနီလာသိန်းတို့အပါအ၀င် ၈၈ငြိမ်းချမ်းရေနှင့် ပွင်းလင်း လူ့အဖွဲ့စည်းအဖွဲ့များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် ဒီမိုကရေစီအင်အားစုအဖွဲ့များက တရားခွင်အတွင်းစစ်ဆေးသည့် အခြေအနေများကို လာရောက်လေ့လာကာ သံဃာတော်များအတွက် အားဖြည့်ကူညီပေးခဲ့သည်။

၈၈ငြိမ်းချမ်းရေနှင့် ပွင်းလင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က “သံဃာတော်တွေကို ကိုင်တွယ်အရေးယူတဲ့ပုံက အကြမ်းဖက်တဲ့ပုံစံဆောင်တယ်။ သံဃာတွေ သဘောမပါဘဲနဲ့ အဓမ္မသင်္ကန်းချွတ်ပြီးတော့ အတင်းချွတ်လူဝတ်လဲခိုင်းတာမျိုးပေါ့။ အဲ့ဒါမျိုးက ကျန်ရှိနေတဲ့ သံဃာထုနဲ့ ပြည်သူတွေအပေါ်မှာ ပိုပြီးတော့ မကျေနပ်မှုတွေ ဖြစ်ပေါ်စေလိမ့်မယ်။ ကိုင်တွယ်တဲ့နေရာမှာ တရားနည်းလမ်းကျကျပဲ ကိုယ်တွယ်ဖြေရှင်းရမယ့်ဆိုတာကို ကျွန်တော်ပြောချင်တယ်” ဟု တာမွေတရားရုံးတွင် မီဒီယာများကို ပြောသည်။

ကိုမင်းကိုနိုင်က တစ်ကမ္ဘာလုံးက စိတ်ဝင်စားလျက်ရှိသည့် ဒီအမှုဖြစ်စဉ်ကို တရားမျှတမှုရှိရှိ ဆုံးဖြတ်ပေးရန်လိုပြီး ပွင့်လင်းမြင်သာမှုရှိစေရန် နှစ်ဘက် အပြန်အလှန် ထွက်ဆိုချက်များကို သတင်းမီဒီယာများကို တရားခွင်အတွင်းသို့ ၀င်ရောက်နားထောင်ခွင့်ပေးရန် လိုသည်ဟုပြောသည်။

ဇွန်၂၇ရက်တွင် ရုံးချိန်းကို နေ့လည်၁၂နာရီသံဃာတော်များ ဆွမ်းစားပြီးသည့် အချိန်မှစတင်ခြင်းပြီး ညနေ၃နာရီခွဲခန့်တွင် ပြီးဆုံးခဲ့သည်။

No comments: