Sunday, June 29, 2014

တရုတ်ကို ယုံကြည်မှုရှိလာအောင် ရင်းနှီးမြုပ်နှံမှု မူဝါဒများ ပြုပြင်ပြောင်းလဲလာဖွယ်ရှိ

ကေဇူး

တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နံမှုများနှင့် ပတ်သက်ပြီး မြန်မာပြည်သူများအနေဖြင့် သံသယ ရှိနေခြင်းကို တရုတ်နိုင်ငံတာဝန်ရှိသူများက သိရှိပြီး ရင်းနှီးမြုပ်နံမှု မူဝါဒများ အပြောင်းအလဲ လုပ်လာနိုင်သည်ဟု ရခိုင်အမျိုးသားပါတီ အဖွဲ့ဝင် ဦးဦးလှစောက ဇွန်၂၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ မှ ပါတီဝင် သုံးဦးစီ ဇွန်လ ၁၆ရက်မှ ၂၅ရက်အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။

“သူတို့က မြန်မာပြည်မှာလုပ်တဲ့ ရင်းနှီးမြုပ်နံမှုတွေမှာသူတို့ဘက်က ချို့ယွင်းချက်တွေ အပြစ်အနာဆာတွေလည်း များတယ်ဆိုတာ သူတို့ဘာသာသူတို့ သိလာပြီ။ ပေါ်လစီရေးရာ ပြုပြင်ပြောင်းလဲမှု လုပ်တော့မယ့် အခြေအနေမျိုး ပြောတယ်။ အဲဒီအတိုင်းလုပ်မယ်လို့ မျှော်လင့်ရတယ်”ဟု ဦးဦးလှစောက မဇ္ဈိမကိုပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ နှင့် တွေ့ဆုံခဲ့သော ပါတီဝင်များက တရုတ်နိုင်ငံ၏ စီမံကိန်းများ အပေါ် မြန်မာနိုင်ငံသားတို့ ၏ သဘောထားများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

No comments: