Saturday, June 28, 2014

ရန်ကင်းခေါင်းဖြတ်သတ်မှု ပြန်ခေါ် သက်သေ စစ်ဆေးပြီး အမိန့်ချမည်

ကျော်စိုးမိုး

ရန်ကင်းခေါင်းဖြတ်လူသတ်မှုတွင် ကျူး လွန်သူဘက်မှ ပြန်ခေါ်သက်သေတစ်ဦးကို လာမည့်ဇွန်လ ၃၀ ရက်တွင် စစ်ဆေးပြီး အမိန့်ချသွားမည်ဟု ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ တွဲဖက်တရားသူကြီး(၄) ဦးငြိမ်းမြင့် က ဇွန်လ ၂၅ ရက်ရုံးချိန်းတွင် ပြောသည်။

“တရားခံကို စွဲချက်တင်ပြီးသွားတဲ့အ တွက် လာမယ့်ရုံးချိန်းကျရင် တရားခံဘက် က လိုပြသက်သေတစ်ဦး ကို စစ်ဆေးပြီးရင် အမိန့်ချမယ်””ဟု ၎င်းင်းက ဆိုသည်။

ဇွန်လ ၂၅ ရက်က ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးတွင် ပြုလုပ်ခဲ့သည့် ၁၄ ကြိမ်မြောက်ရုံးချိန်းတွင် လူသတ်မှုကျူးလွန်သူ ချစ်ပို(ခ) ဝေယံဖြိုးကို ပြစ်မှုပုဒ်မ ၃၀၂ (၁)(ခ) ဖြင့် စွဲချက်တင်ခဲ့ပြီး ကျူးလွန်သူ ဘက်မှ စွဲချက်ကိုလက်ခံခဲ့ကာ ဇွန်လ ၃၀ ရက်တွင် လိုပြသက်သေတစ်ဦးကို စစ်ဆေး ပေးရန် ပြောခဲ့ သည်။

ပြစ်မှုပုဒ်မ ၃၀၂(၁)(ခ)သည် သေစေ လိုသည့် ရည်ရွယ်ချက်ဖြင့် ကျူးလွန်သည့် အတွက် စွဲချက်ဖြစ်ပြီး ပြစ်ဒဏ်အဖြစ် သေဒဏ်မှလွဲ၍ အခြားမည်သည့်ပြစ်ဒဏ်မှ ချမှတ်၍မရပေ။

အသတ်ခံရသည့် ကိုမင်းမင်းဦး၏မိသားစုဝင်တစ်ဦးက“ကျူးလွန်သူကို ဒီလိုမျိုး ပြစ်ဒဏ်ချမှတ်မယ်ဆိုရင် တော့ ကျေ နပ်မှုရှိပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်က ရန် ကင်းမြို့နယ်၊ မေတ်္တာရိပ်သာလမ်းပေါ်တွင် ချစ်ပို(ခ) ဝေယံဖြိုးက ကိုမင်းမင်းဦး၏ လည်ပင်းကို ဓားဖြင့်ခုတ်ကာ သတ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါဖြစ်ရပ်အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် ရန်ကင်းမြို့နယ်နေ ပြည်သူများက မတ်လ ၂၈ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြ သေးသည်။

No comments: