Saturday, June 28, 2014

နိုင်ငံခြားဘဏ်တွေ စက်တင်ဘာလ အတွင်း မြန်မာမှာ လုပ်ကိုင်ခွင့် လိုင်စင်ရမယ်

ABC

မြန်မာနိုင်ငံ ​ဗဟိုဘဏ်က ​လာမယ့် ​စက်တင်ဘာလကျရင် ​နိုင်ငံခြားဘဏ်တွေကို ​မြန်မာနိုင်ငံမှာ ​လုပ်ကိုင်ခွင့် ​လိုင်စင်ပေးတော့မယ်လို့ ​သိရပါတယ်။

ခေတ်ဟောင်းစနစ်နဲ့ ​လည်ပတ်နေတဲ့ ​မြန်မာနိုင်ငံရဲ့ ​ဘဏ်တွေ ​ကို ​ပြုပြင် ​လိုတဲ့ ​အတွက် ​နိုင်ငံခြား ​ဘဏ်တွေကို ​လုပ်ကိုင်ခွင့် ​လိုင်စင်ပေးဖို့ ​စီစဉ်တာ ​ဖြစ်တယ် ​လို့လည်း ​မြန်မာ ​အစိုးရက ​ပြောပါတယ်။

ဒါပေမဲ့ ​ကန့်သတ် ​ချုပ်ချယ်မှု ​တွေတော့ ​ထားရှိမယ် ​လို့လည်း ​ဒုဝန်ကြီး ​ဦးဆက်အောင်က ​ပြောပါတယ်။

ဈေးကွက်သစ် ​ရှာဖွေနေတဲ့ ​နိုင်ငံခြား ​ဘဏ်ကလည်း ​မြန်မာနိုင်ငံမှာ ​လုပ်ခွင့်ရဖို့ ​စောင့်ဆိုင်း ​နေကြတာ ​ဖြစ်ပြီး ​မြန်မာ ​ပြည်တွင်းဘဏ် ​တချို့နဲ့ ​ပူးပေါင်း ​လုပ်ဆောင် ​တာတွေတော့ ​ရှိနေပြီ ​ဖြစ်ပါတယ်။

မြန်မာဘဏ်နဲ့ ​မပူးပေါင်းပဲ ​သီးသန့်ဘဏ် ​တည်ထောင်လိုသူ ​နိုင်ငံခြား ​သားတွေ ​အနေနဲ့ ​ပင်မငွေ ​အနည်းဆုံး ​ဒေါ်လာ ​၇၅ ​သန်း ​ရှိရမှာ ​ဖြစ်တယ် ​လို့လည်း ​သိရပါတယ်။

မြန်မာနိုင်ငံ ​စီးပွားရေး ​ကဏ္ဍရဲ့ ​ပြုပြင်ပြောင်းလဲမှုတွေကို ​နိုင်ငံတကာငွေကြေးရံပုံငွေအသင်း ​IMF ​ကလည်း ​ကြိုဆိုလိုက်ပါတယ်။

No comments: