နန်းလွင်နှင်းပွင့်
ဇနီးဖြစ်သူ၏ လူမှုကွန်ယက် (ဖေ့ဘုတ်စာမျက်နှာ) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် ဓါတ်ပုံ မျှဝေခဲ့သဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်က ဇွန်လ ၅ ရက်တွင် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် ပြန်လည်တောင်းပန်ခဲ့သည်။
ဦးရဲထွဋ်က “ ကျွန်တော်တို့ လက်ခံထားတဲ့ လူမှုကွန်ယက်မှာ လိုက်နာရမယ့် ကျင့်ဝတ်များနဲ့လည်းကေင်း၊ လိုက်နာရမယ့် ဒီမိုကရက်တစ်စံနှုန်းများနဲ့လည်းကောင်း လွဲချော်နေတဲ့အတွက် သိသိရချင်း ပြန်ဖျက်ခိုင်းခဲ့ပါတယ်" ဟုပြောသည်။
လူမှုကွန်ယက်အား သုံးစွဲရာတွင် လိုက်နာရမည့် အချက်များအဖြစ် အခြားသူများ တင်ထားသည့် ပို့စ်များအား မျှဝေခြင်း၊ နှစ်သက်ကြောင်းပြောဆိုခြင်းများ ပြောဆိုပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ၊ အမုန်းတရားပွားစေသည့် ပြောကြားချက်များ ပြောဆိုခြင်း မဖြစ်စေဖို့ သတိပြုရန် လိုအပ်သည်ဟုဆိုသည်။
မိမိ၏ အမျိုးသမီးဖြစ်သူ မျှဝေလိုက်သည့် ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်မှု ဓါတ်ပုံများ ပါဝင်နေသဖြင့် လူမှုကွန်ယက် သုံးစွဲရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ၊ ဒီမိုကရက်တစ်စံနှုန်းများနှင့် လွဲချော်နေသည်ဟုလည်း ဆိုထားသည်။
ဦးရဲထွဋ်က“ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ သူ့ကို ချစ်မြတ်နိုး ထောက်ခံထားသူများကို လည်းကောင်း၊ ကျွန်တော့် စာမျက်နှာကို အလေးထားလာရောက် ဖတ်သူများကိုလည်းကောင်း တောင်းပန်အပ်ပါတယ်" ဟုဆိုထားသည်။
မိမိမှာ အစိုးရတာဝန်ရှိသူတစ်ဦးအနေဖြင့်လည်းကောင်း၊ အိမ်ထောင်ဦးစီးတစ်ဦးအနေဖြင့် လည်းကောင်း မိသားစုဝင်များပြုမူသည့် အပြုအမူများအား အများလိုက်နာနေသည့် စံနှုန်းများနှင့် တညီတည်းဖြစ်စေရန် သွန်သင်ဆုံးမရန် တာဝန်ရှိသော်လည်း မကျေပွန်ခဲ့ပါဟု ၀န်ခံရေးသားထားသည်။
No comments:
Post a Comment