မောင်သင်တုန်း
မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံရေးအခြေ အနေများရှုပ်ထွေးမှုများဖြစ်လာနိုင်သည်ဆိုကာ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Repre-sentation) ကို လတ်တလော သုံးစွဲခြင်းမပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်က ဇွန်လ ၉ ရက်အစည်းအဝေးတွင် အကြံပြု ဆွေးနွေးကြသည်။
“လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ရှင်သန်လာစေရန်အတွက် ပါတီများအားလုံးနှင့် တိုင်းရင်းသားများ ၏ နိုင်ငံရေးအခန်းကဏ္ဍသည့် အရေးပါသကဲ့သို့ ဒီမိုကရေစီ နောက်ကြောင်းပြန်မသွားစေရန် အခြားအ ရေးပါသော စိန်ခေါ်မှုများကိုလည်း ထည့်သွင်းစဉ်စားသုံးသပ်ရန်လိုပါသည်” ဟု အမျိုးသားလွှတ်တော် အမတ် ဗိုလ်မှူးကျော်နိုင်ဌေးက ဆွေးနွေးသည်။
အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးမည်ဆိုလျှင် အစိုးရတစ်ရပ်ဖွဲ့စည်းရန်မလွယ်ကူဘဲ နိုင်ငံရေးမ တည်ငြိမ် သည့်အပြင် အစိုးရစီမံခန့်ခွဲမှုကိုလည်း နှောင်နှေးမှုများဖြစ်လာနိုင်သည်ဟု ထောက်ပြပြောဆိုသည်။ လွှတ် တော်အတွင်းမှာလည်း အရေးကြီးဆုံးဖြတ်ချက်များ သဘောတူညီချက်ရရှိရန် ခက်ခဲပြီး အမျိုးသားအဆင့် မဟာဗျူဟာများချက်မှတ်ရာတွင် ကြန့်ကြာနိုင်သည်ဟုလည်း ဆိုသည်။
အဆိုပါစနစ်သည် လူဦးရေကိုအခြေခံပြီး ရွေးချယ်တင်မြောက်သည့် စနစ်ဖြစ်သည့်အတွက် လူဦးရေနည်း သည့် တိုင်းရင်းသားကိုယ်စားလှယ်များ နစ်နာမှုများဖြစ်လာနိုင်သည်ဟုလည်း ဆွေးနွေးခဲ့ကြသည်။အလား တူပင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက လည်း ထိုစနစ်ကျင့်သုံးရန် သင့်သေးဟုဆိုသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အချိုးကျကိုယ်စားပြုစနစ်သည် စနစ်နှစ်ခုကို နှိုင်းယှဉ် ဆွေးနွေးရမည် ဖြစ်သည့်အတွက် အလွန်လေးနက်သည်ဟုဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လျှင် မိနစ် ၂၀ အထိခွင့်ပြုပေးပြီး စနစ်ကိုသာ ဆွေးနွေးပြီး ပုတ်ခတ်ခြင်းမပြုရန် ကြိုတင်သတိပေးခဲ့သည်။
အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရန်သင့်မသင့် တစ်ရက်လျှင်ကိုယ်စားလှယ် ရှစ်ဦးနှုန်းဖြင့် သုံးရက်ကြာ ဆွေးနွေးသွား မည်ဖြစ်သည်။
No comments:
Post a Comment