ခင်မြတ်မြတ်ဝေ
မကွေးတိုင်းမြို့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲနှင့် လူထုဆန္ဒ လက်မှတ်ကောက်ယူရေးကို ဇွန်လ ၁ဝရက်က ခွင့်ပြုမိန့် မရသော်လည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု မကွေးတိုင်း အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ကိုနေမျိုးကျော်က မဇ္ဈိမကို ပြောသည်။
"သက်ဆိုင်ရာကို ခွင့်ပြုမိန့်တင်တယ်မရဘူး။ လူနှစ်သောင်းလောက်တက်ရောက်တယ်" ဟု ၎င်းကပြောသည်။
ဟောပြောပွဲအတွက် ခွင့်ပေးရန် ခရိုင်၊ မြို့နယ်များသို့ မေလ ၂၉ ရက်တွင် စာတင်ခဲ့သော်လည်း ခွင့်ပြုမိန့် မရသည့် အပြင် ဆောက်လုပ်ထားသည့် စင်အား ဖျက်ရမည်ဟုပင် ပြောခဲ့သေးသည်ဟု ကိုနေမျိုးကျော်က ဆိုသည်။
ယင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟို ဥပဒေအထောက်ကူပြု အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်း၊ အင်အန်ဒီအလုပ်မှုဆောင် ဒေါက်တာအောင်မိုးညို ၊၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ကိုဌေးကြွယ်၊ အင်အန်ဒီ၏ တိုင်းအထွေထွေအတွင်းရေးမှုး ကိုနေမျိုးကျော်တို့က ဟောပြောခဲ့သည်။
အလားတူ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဟောပြောပွဲကို မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတွင်လည်း ဇွန်လ ၁ဝရက် နံနက်ကပင် ပြုလုပ်ခဲ့သည်။
No comments:
Post a Comment