Sunday, November 2, 2014

Bi မွန်းတည့်နေ အယူခံဝင် မဝင် မဆုံးဖြတ်ရသေး

ယုဝေ

Bi မွန်းတည့်နေ ဂျာနယ်အမှု ခရိုင်က အယူခံပယ်လိုက်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ် တော်ရုံးသို့ အယူခံဆက်တက်ရန် တရားခံများ၏ မိသားစုဝင်များနှင့် ဆွေးနွေးတိုင်ပင်နေပြီဟု အဆိုပါအမှု ကို လိုက်ပါဆောင်ရွက်ပေးနေသည့် အကျိုးတော်ဆောင်ရှေ့နေနှင့် တရားခံများ၏ မိသားစုဝင်အချို့က မဇ္ဈိမ ကို ပြောသည်။

အကျိုးတော်ဆောင်ရှေ့နေ ဦးကျော်ဝင်းက “အယူခံက အမိန့်ချမှတ်ပြီးရက် ပေါင်း ၆၀ အတွင်း တင်ရမှာ ပါ”ဟု ပြောသည်။

Bi မွန်းတည့်နေဂျာနယ်အမှု အယူခံကို အောက်တိုဘာ ၂၇ ရက်က အနောက်ပိုင်း ခရိုင်တရားရုံးက ပယ်ချ လိုက်ပြီး ဆက်လက်ဆောင်ရွက်ရန် မိသားစုဝင်များ ဆွေးနွေးနေဆဲဟု ပြစ်ဒဏ်ကျခံနေရသူတစ်ဦးဖြစ်သည့် ကိုသူရအောင် (ခ) အောင်သန့်၏ ဖခင်ဖြစ်သူ ဦးထင်ကျော်က ပြောသည်။

ပန်းဘဲတန်းမြို့နယ် တရားရုံးက အောက်တိုဘာ ၁၆ ရက်တွင်Bi မွန်းတည့်နေမှ သတင်းမီဒီယာသမား ငါးဦးကို ကြားဖြတ်အစိုးရ သတင်းဖော်ပြချက်ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေမှု ပုဒ်မ ၅၀၅ (ခ)/ ၃၄ အရ ထောင်ဒဏ်နှစ်နှစ် ကျခံရန် ဆုံးဖြတ်ထား ခြင်းဖြစ်သည်။

No comments: