ဆန်းဖြိုးထွန်း
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် လိုဘာခို ကျေးရွာအုပ်စု တွင်းရှိ ဆောင်ဒူ ကျေးရွာအနီး တ၀ိုက်တွင် ဒေသခံများစိုက်ပျိုးထားသော ဘိန်စိုက်ခင်း ဧက ၂၀ ကျော်ကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ ရက်နေ့က အစိုးရဌာနဆိုင်ရာ များနှင့်ဒေသခံရပ်မိရပ်များ က သွားရောက်ဖျက်ဆီးခဲ့သည်။
ဒီမော့ဆို မြို့မ ရဲစခန်းမှူး ဒုရဲမှူး စိုးမိုးနိုင်က “ နှစ်စဉ် ကျနော်တို့ ဖျက်ဆီးနေကျ ဖြစ်ပါတယ် ။ဒီဘက်မှာတော့ အခြားသီးနှံအပြင် ဒီဘိန်းစိုက်တာ ကျတော့ အကျိုးအမြက် များများရတယ်လို့ ပြေားကြတယ် အဲ့ကြောင့်မို့ ဒီဘက်ကို ပိုအားသန်တယ်လို့ ပြော ကြတယ် ”ဟု ပြောသည်။
ယခုလို ဘိန်းစိုက်ခင်းများ ဖျက်ဆီး ခြင်းကို နှစ်စဉ် ပြုလုပ်နေကြ ဖြစ်ပြီး တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အညွှန့်တုံးစေ သည့် မူးယစ်ဆေးဝါးများ ပပျောက်ရေးအတွက် ဖျက်ဆီးရခြင်းဖြစ်ကြောင်း ဒုရဲမှူး စိုးမိုးနိုင်ကဆိုသည်။
ကယားပြည်နယ် တွင်း ဘိန်းစိုက်ပျိုးမှုမှာ ပုံမှန် အနေထားလောက်သာ ရှိပြီး သွားလာရေး ခက်ခဲသည့် ရှမ်းပြည်နယ်စပ် တောင်စောင်း ကွယ်များတွင် ခိုးဝှက်၍ အများအပြား စိုက်ပျိုး ကြကြောင်း ဒီမော့ဆို မြို့မ ရဲစခန်းမှူး ဒုရဲမှူး စိုးမိုးနိုင်က ကပြောသည်။
စိုက်ပျိုးမြေ ရှားပါးခြင်း ၊သားသမီးများ၏ ပညာရေး ၊မိသားစု စားဝတ်နေရေး တို့ ဖူလုံမှု ရှိစေရန် အတွက် ဘိန်းခင်းများ စိုက်ပျိုးရ ခြင်း ဖြစ်ကြောင်း ဆောင်ဒူကျေးရွာ ဥက္ကဌ ဦးမိုးယူ ကပြောသည်။
“စိုက်ရတာက စပါး စိုက်မယ်ဆို လည်း ဒီလိုမျိုး တခင်းကို ၁၅ ပုံးလောက်ပဲ ရမယ် ၁၅ ပုံးဆို ရောင်းရင် သုံးသောင်း လောက်ပဲ ရတယ် ဘိန်းခင်းလုပ်မယ် ဆိုရင်တော့ ဒီလိုကောင်းမယ်ဆိုရင်တော့ တလုံးရတာပေါ့ ကျနော် မိသားစုလည်းများတယ် ၇ ရက်ကို ဆန်တစ်အိပ်ကုန်တယ် အဲ့တော့ ဘိန်းတစ်လုံး ရရင် ၆ သိန်းရတယ် အဲ့ခါကျတော့ ကလေးကျောင်းတတ်ဖို့ ဖျားနာရင်ဆေးကုဖို့ ဒါကတော့ ကျနော် လွှသွားဆွဲဖို့ ပိုက်ဆံနည်းနည်း ကျန်တာပေါ့ ”ဟု ပြောပြသည်။
မြန်မာနိုင်ငံအနေဖြင့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် ဘိန်းအစားထိုး ဖွံ့ဖြိုးရေး စီမံကိန်း (၅ နှစ်တာ စီမံကိန်း) ကို မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂရုံး UNODC နှင့် သဘောတူလက်မှတ်ရေးထိုးထားပြီး စတင်အကောင်ထည်ဖော်တော့မည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု (၂၀) တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး လှလွင် ပြောသည်။
၎င်းက “လောလောဆယ် ချမှတ်ထားတာကတော့ ဒီဘိန်းစိုက်တဲ့ နေရာတွေ မှာ နှစ်ရှည်ပင် ဖြစ်တဲ့ ရာဘာစိုက်မယ်။ ရာဘာရဲ့ ကြားထဲ မှာ ကော်ဖီပင်ကို သီးညှပ် အနေနဲ့ စိုက်ပျိုးမယ်ပေါ့။ တောင်စောင်းတွေ မှာ ရာဘာ ဆိုရင် ကျနော်တို့ ခြောက်နှစ်ခုနှစ် နှစ်မှ ဝင်ငွေ ရမယ်။ ကော်ဖီ ဆိုရင် သုံးနှစ်ခွဲပေါ့ အဲ့တော့ ဘိန်းစိုက် တောင်သူတွေ အနေနဲ့ သုံးနှစ်ခွဲ ကာလထဲ မှာ စားဝတ်နေရေး အတွက် ဆန်းစံပါးစိုက်ပျိုး နိုင်ဖို့ အတွက် နှစ်စဉ်ထောက်ပံ့ သွားမယ်ပေါ့။” ဟုပြောသည်။
အစိုးရမှ အမှန်တကယ် ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးရန် ဆောင်ရွက် ပေးလာပါက ဘိန်းအစား အစားထိုးသီးနှံများ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ဆောင်ဒူရွာ ဥက္ကဌ ဦးမိုးယူ ကပြောသည်။
နိုင်ငံတော် အစိုးရမှ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ငါးနှစ် စီမံကိန်း များဆောင်ရွက်ရန် ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ် ၊ဒီမော့ဆို မြို့နယ် ၊ ဖရူဆိုမြို့နယ် စသည့် သုံးမြို့နယ်ပါဝင်ကြောင်း ဒုတိယ ရဲမှူး လှလွင်က ပြောသည်။
ယခုလို အစိုးရဌာနဆိုင်ရာမှ ဘိန်းခင်းများ ပပျောက်ရင်း လုပ်ရှားမှုကို ဘိန်းထွက်သည့်ကာလ ဖြစ်သည့် အောက်တိုဘာလကုန်၊ နိုဝင်ဘာလ ဆန်း ပိုင်းတွင် ပြုလုပ်လေ့ရှိကြောင်းသိရသည်။ ဘိန်း ၁ပိသာလျှင် မြန်မာငွေ ၆ သိန်းခန့် ဈေး ရှိကြောင်းသိရသည်
No comments:
Post a Comment