Saturday, November 15, 2014

အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ကာ ထိုင်သပိတ် လုပ်ဆန္ဒပြ

နန်းမြင့်

အင်အား ၃၀၀ကျော်ရှိသည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုကြီးက နိုဝင်ဘာလ ၁၄ရက် နံနက် ၁၀နာရီမှ စတင်ကာ ဒဂုံမြို့သစ်မြောက် ပိုင်းရှိ ဓမ္မစေတီကျောင်းတိုက်နှင့် မဟာဂန္ဓာရုံကျောင်းတိုက်တို့မှ စုစည်းထွက်ခွာပြီး သမ္မတရုပ်ရှင်ရုံရှေ့မှ စတင်ကာ မြို့တော်ခန်းမရှေ့သို့ ကြွေးကြော်သံများ ဟစ်ကြွေးကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကျောင်းသားထုကြီးက အတည်ပြုပြဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေအပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး နေ့လည် ၁နာရီတွင် မြို့တော်ခန်းမရှေ့တွင် ထိုင်သပိတ်လုပ်ကာ ဆန္ဒပြတောင်းဆိုလျှက်ရှိသည်။

၎င်းတို့က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ခြင်း၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရှိရေး၊ ဒီမိုကရေစီပညာရေး ဖော်ဆောင်ရေး၊ ကျောင်းသားပြည်သူကို အခြေမခံဘဲ ရေးဆွဲခဲ့သည့် အမျိုးသားပညာရေးဥပဒေကို အလိုမရှိစသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ ကျောင်းသားအလံများ ကိုင်ဆောင်ပြီးဆန္ဒ ထုတ် ဖော်နေကြခြင်းဖြစ်သည်။

မကြာမီက အတည်ပြုပြဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေကို ပြင်းထန်စွာ ကန့်ကွက် ပြီး ကျောင်းသားပြည်သူကို အခြေခံသည့် ဒီမိုကရေစီ အနှစ်သာ ရနှင့် ကိုက်ညီသော အမျိုးသားပညာ ရေးဥပဒေတစ်ရပ်ပေါ်ထွက်လာရန် ကျောင်းသားများက တောင်းဆိုတိုက်ပွဲဝင်သွားမည်ဟု နိုင်ငံလုံး ဆိုင်ရာကျောင်းသား ထုအရေးပေါ်အစည်းအဝေးက နိုဝင်ဘာလ ၁၃ရက်က သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ကြသည်။အဆိုပါ ထိုင်သပိတ်ကို ယနေ့ ညနေပိုင်း အ ထိ ပြုလုပ်မည်ဖြစ်သည်။

No comments: