ဆန်းဖြိုးထွန်း
ကယားပြည်နယ် လွိုင်ကော်မြို့ ဘီလူးချောင်းတွင် ရေမျောသေဆုံးနေသည့် အမျိုးသားတဦး၏ အလောင်းကို ရဲများမှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဆယ်ယူစစ်ဆေးခဲ့သည်ဟု သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် လွိုင်ကော်မြို့ရှိ ကျောက်ပြားတံတား ပြုပြင်ခြင်းလုပ်ငန်းခွင်အနီးမှ ဘီလူးချောင်းကမ်းနား ခံနေသဖြင့် အလုပ်သမားများက ရဲစခန်းသို့ အကြောင်းကြား ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများဖြစ်သော ဆောက်လုပ်ရေး အလုပ်သမားတဦးက ပြောသည်။
သေဆုံးနေသူ၏အလောင်းအား ရဲများက လွိုင်ကော်မြို့ ကန္ဒာရဝတီတံတားအနီးမှ သက်သေများဖြင့် ဆယ်ယူ စစ်ဆေးခဲ့ကြသည်။
သေဆုံးသူသည် အသက် ၄၀ ခန့် အသားညို၊ အောက်ခံဘောင်းဘီသာပါရှိပြီး ဘီလူချောင်းမှ မျောလာသည်ဟု မျက်မြင်သက်သေများက ပြောသည်။ ရဲများမှ သေဆုံးသူ မည်သူမည်ဝါ ဆိုသည်ကို စုံစမ်းလျက်ရှိကြောင်း ရေနစ်သေခြင်းဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း သိရည်။
၎င်းအမှုကိစ္စနှင့်ပတ်သက်၍ ရဲများ၏ စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်မည့် သတင်းကို စုံစမ်းဆဲ ဖြစ်သည်။

No comments:
Post a Comment