Sunday, February 1, 2015

ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်း ပုသိမ်တွင်ပင် အတားခံရ

စည်သူမောင်မောင်

ဧရာဝတီတိုင်း ကျောင်းသားသပိတ်စစ်ကြောင်းကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၁ နာရီ ခွဲခန့်က ပုသိမ်မြို့နယ် ရဲစခန်းမှ ရဲမှူးကျော်စိုးက ငြိမ်းချမ်းစွာ စီတန်းခွင့်နှင့် လှည့်လည်ခွင့် ဥပဒေအရ ခွင့်ပြုမိန့်တင်ရန် လာရောက် သတိပေး တားမြစ်သည်။

ရဲမှူးကျော်စိုးက "လူစုဖွဲ့ပြီး လှည့်လည်တဲ့အတွက် လာရောက်တားမြစ်တာ ဖြစ်တယ်" ဟု ပြောသည်။ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်လဲဟု မဇ္ဈိမ၏ မေးမြန်းမှုကိုမူ ဖြေရန်စောသေးသည်ဟုသာ ပြန်လည် ဖြေကြားသည်။

သပိတ်မှောက် ကျောင်းသားများကမူ ခွင့်ပြုမိန့် တင်ရန် မလိုအပ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်းသည် ယနေ့ (ဇန်နဝါရီ ၃၀ရက်) နံနက်မှ စတင်၍ ပုသိမ်မြို့မှ စတင်ထွက်လာခြင်းဖြစ်သည်။

No comments: