DVB
တူရကီမှာ လေ့ကျင့်ခြေစမ်းပွဲတွေ ကစားနေတဲ့ နယူးဇီလန် ကမ္ဘာဖလားဘောလုံးပြိုင်ပွဲဝင် မြန်မာလက်ရွေးစင် ယူ-၂၀ အသင်းဟာ မနေ့ကပွဲမှာ ယူကရိန်းနိုင်ငံ ရှက်တာဒိုးနက် ယူ-၂၁ အသင်းကို ၄ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရပါတယ်။
မြန်မာအသင်းအတွက် ပထမ နှစ်ဂိုးကို ၁၃ မိနစ်မှာ ပင်နယ်တီနဲ့ ၃၅ မိနစ်မှာ အဝေးကန်ချက်ကနေ အသင်းခေါင်းဆောင် နန္ဒကျော်က သွင်းပေးခဲ့ပါတယ်။
တတိယဂိုးကို ဒုတိယပိုင်း ၆၃ မိနစ်မှာ သန်းပိုင်က သွင်းယူခဲ့သလို ပွဲပြီးခါနီး ၅ မိနစ် အလိုမှာ အောင်သူက စတုထ္ထဂိုးသွင်းယူပါတယ်။
ရှက်တာဒိုးနတ် ယူ-၂၁ အသင်းအတွက် တလုံးတည်းသောဂိုးကို ပွဲပြီးခါနီး ၁၀ မိနစ်မှာ ကျောနံပါတ် ၉ က သွင်းယူခဲ့ပါတယ်။
ရှက်တာဒိုးနက် အသင်းဟာ ဥရောပမှာ မျိုးဆက်သစ် ဘောလုံးသမားတွေကို စဉ်ဆက်မပြတ် မွေးထုတ်လုပ်ပေးနိုင်တဲ့ အသင်းအဖြစ် နာမည်ရှိတဲ့ အသင်းတသင်းလို့ သိရပါတယ်။
မြန်မာလူငယ်အသင်းဟာ တူရကီမှာ ခြောက်ပွဲကစားတာ လေးပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံးခဲ့ပါတယ်။ အရင် ပွဲတွေမှာ ဂျာမဏီ အောက်တန်း ကလပ်အသင်းနှစ်သင်းနဲ့
အဇာဘိုင်ဂျန် ယူ ၂၁ အသင်းတို့ကို အနိုင်ကစားခဲ့ပြီး တာဂျစ်ကစ္စတန်က စူပါလိဂ် ကလပ်အသင်းနဲ့ သရေ၊ အီရန်ယူ ၂၂ အသင်းကို ရှုံးခဲ့ပါတယ်။

No comments:
Post a Comment