Friday, February 6, 2015

ရေနံမြေသပိတ် နားခဲ့သည့် သခင်ဖိုးလကြီးနှင့် ဆရာစံ ရုပ်တုရှေ့ကျောင်း သားသိပတ် ခဏနား

အောင်ကိုဦး

မန္တလေး ကျောင်းသား သပိတ်သည် မကွေးမြို့ ယင်းဆိပ် ကျေးရွာရှိ သခင်ဖိုး လကြီးနှင့် ဆရာစံ ရုပ်တုရှေ့ အရောက် တွင်ဖေဖော်ဝါရီ ၄ ရက်နေ့ လည် ၃ နာရီ တွင်ခေတ္တနားနေ ခဲ့သည်။ ထိုနေရာ သည်ရေနံမြေ သပိတ် နားနေ သည့်နေရာ လည်းဖြစ်သည်။

ထိုမှတစ်ဆင့် ယင်းဆိပ်ကျေးရွာ အခြေ ခံပညာ အထက် တန်းကျောင်းရှေ့ တွင်ခေတ္တနားနေ ပြီးကျောင်းသား ၊ကျောင်းသူများကို မုန့်များဝေပေးခဲ့သည်။

အထက် တန်းကျောင်းရှေ့ တွင်ရပ်နား ရပ်ကျောင်း အုပ်ကြီးထံ အကြိမ်ကြိမ် ခွင့်တောင်း ခဲ့ရသည်။ ညနေကျောင်း ဆင်းချိန်ရောက်သော် လည်းကျောင်းဆင်း ခွင့်မပေးဘဲ တံခါးများ ပိတ်ထား ခဲ့သေးသည်။

သပိတ်မှောက်ကျောင်း သားများက အကြိမ်ကြိမ် ခွင့်တောင်းရာမှ ညနေ ၃ နာရီခွဲ တွင်ကျောင်းဆင်းပေး ပြီးကျောင်းသား များနှင့် သပိတ်မှောက်ကျောင်းသား များတွေ့ ခွင့်ပေး ခဲ့သည်။ ထိုမှ တစ်ဆင့် သပိတ်စစ်ကြောင်းသည် နားခိုမည့် သစ်ရာကောက်ကျေးရွာသို့ ဆက်လက်ချီ တက်ခဲ့သည်။

No comments: