Friday, February 6, 2015

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဂိတ်တံခါးဟောင်း ဖေဖော်ဝါရီ ၁၃ ရက်အထိ လေလံတင်ရောင်းချမည်

ကေဇူး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်လျက်ရှိသော ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄၊ မှ နေအိမ်အဝင်ဂိတ် တံခါးဟောင်းကို ဖေဖော်ဝါရီ ၁၃ ရက် နောက်ဆုံးထားပြီး လေလံတင် ဝယ်ယူနိုင်သည် ဟု NLD ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီအဖွဲ့ဝင် တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွှန့်က တရားဝင်ထုတ်ပြန်လိုက်သည်။

လေလံတင်ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာ နှစ်သိန်း (မြန်မာငွေသိန်းနှစ်ထောင်ဝန်းကျင်) သတ်မှတ်ထားပြီး ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀နာရီအထိ ဝယ်ယူနိုင်မည်ဖြစ်သည်။ လေလံအောင်မြင်သည့် သူကို ဖေဖော်ဝါရီ ၁၃ ရက် ညနေ ခြောက်နာရီတွင် ကြေညာမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ဂိတ်တံခါးနှင့် ကြွေပြားရောင်းချခြင်းမှ ရရှိသော ငွေများကို ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့်ပွဲနှင့် အဖွဲ့ချုပ်ရုံး ဆောက်လုပ်ခြင်းတို့တွင် လှူဒါန်းသွားမည် ဟု ၎င်းကဆိုထားသည်။

No comments: