Monday, February 2, 2015

ဒေါ်စုနေအိမ် ဂိတ်တံခါးဟောင်းနှင့် အိမ်နံပါတ် ပါကြွေပြားကို သိန်း ၂,၀၀၀ဖြင့်လေ လံကြမ်း ခင်းဈေးဖွင့်

ဟိန်းကိုစိုး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး နိုဗယ်ဆု ရှင်ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင် လျက်ရှိသည့် အမှတ် ၅၄၊ တက္က သိုလ်ရိပ်သာ လမ်းနေ အိမ်မှ အဝင်ဂိတ် တံခါးဟောင်းနှင့် ခြံနံပါတ် ပါကြွေပြား တို့ကို ကျပ်ငွေသိန်း ၂,ဝဝဝဖြင့် ကြမ်းခင်းဈေးဖွင့် ၍လေလံ တင်ရောင်း ချသွား မည် ဟုတော်ဝင်နှင်းဆီ စားသောက် ဆိုင်ပိုင်ရှင် ဦးစိုးညွန့်က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာ တွင်ရေးသား ထားသည်။

''သမိုင်းဝင်ပစ္စည်း များဖြစ်သောကြောင့် ကျွန်တော် အမြတ်တနိုး သိမ်းဆည်းထား ရှိခဲ့ပါတယ် ဂိတ်တံခါး ကြီးကသာ စကားပြောနိုင် မယ်ဆို ရင်နှစ်ပေါင်း (၂၅ )နှစ်ကျော်မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲ သမိုင်း ကိုပြန်လည်ပြောပြနိုင်သော ပစ္စည်းတစ် ခုဖြစ်ပါတယ်'' ဟုရေးသား ထားသည်။

အဆိုပါဂိတ်တံခါး၊ ခြံနံပါတ် ပါကြွေပြားတို့ရောင်း ချရငွေများကို၊ ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့်ပွဲနှင့် အဖွဲ့ချုပ် ရုံးဆောက် လုပ်ခြင်းတို့တွင် လှူဒါန်းသွား မည်ဟုလည်း ဆိုထားသည်။

ဂိတ်တံခါးဟောင်းကြွေပြား တို့ကို ၄င်းက မည်သို့ ရရှိခဲ့သည် ကိုမေးမြန်းရန် ဦးစိုးညွန့်သို့ ဆက်သွယ် ခဲ့သော်လည်း အလုပ်များ မအားလပ် သည့်အပြင် အနား ယူနေခြင်းကြောင့်ပြန် လည်ဖြေ ကြားပေးနိုင်ခြင်း မရှိသေးကြောင်း ဖုန်းလက်ခံ စကားပြောသူ အမျိုးသမီးမှ တစ်ဆင့်ပြန် လည်ဖြေ ကြားသည်။

''အဲဒီကိစ္စကို ကျွန်တော် တို့တော့ မသိသေးပါဘူး ၊နေပြည်တော် ကိုရောက်နေသလို၊ ကြားလည်းမကြား သိသေးပါဘူး''ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် ဦးဝင်းမြင့်က မဇ္ဈိမ ကိုပြောသည်။

လေလံတင်ရောင်းချမည့် ပစ္စည်းများ ကိုမြန်မာ နိုင်ငံသား များသာမက မည်သည့်နိုင်ငံ သားမဆို ပါဝင်လေလံ ဆွဲဝယ် ယူနိုင်ပြီးလေလံပွဲ ကျင်းပမည့် အချက် အလက် များကို မကြာမီတွင် ထုတ်ပြန်ပေး မည်ဟု ဦးစိုးညွန့်က ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်ဝင်း ထရံများကို ၂ဝ၁၂ ခုနှစ်အတွင်းက အသစ်ပြန် လည်ဆောက် လုပ်ပြင်ဆင် ခဲ့သည်။

No comments: