Sunday, February 8, 2015

အောင်လံသို့ အသွားကျောင်းသား သပိတ်စစ်ကြောင်းအား လုံခြုံရေး စိုးရိမ်ရ ဟုဆိုပြီးဒေသခံများနှင့် အရပ်ဘက် အဖွဲ့များပူးပေါင်း

အောင်ကိုဦး

မန္တလေးကျောင်းသားသပိတ် စစ်ကြောင်း သည်ဖေဖော်ဝါရီ ၇ ရက်တွင်တောင်တွင်း ကြီးမြို့မွန်းလွဲ ၁နာရီခွဲ တွင်တောင်တွင်း ကြီးမြို့ နယ်၊ ပရပ်ကြယ်ကျေးရွာ ရှိရွှေဘုန်း ပွင့်ကျောင်းတိုက်တွင် ထမင်းစားရပ်နား ပြီးအောင်လံသို့ ဆက်လက် ထွက်ခွာ၍ ညအိပ်ရပ်နားမည်။

ကျောင်းသားသိပတ် စစ်ကြောင်းအား မကွေးတိုင်း လက်တက်ကျေးရွာတွင် သံဃာ ၁၀ပါး ၊ကျောင်းသားကျောင်းသူ ၅၀ကျော်နှင့် အရပ်ဖက်အဖွဲ့ အစည်းများ ကလာရောက် ပူးပေါင်း ခဲ့သည်။

ယင်းသို့ ပူးပေါင်းခြင်းသည် လမ်းကြောင်း တွင်ကျောင်းသား များ၏ လုံခြုံရေးကို စိုးရိမ်ရ၍ လာပူးပေါင်းခြင်းဖြစ် သည်ဟု လာရောက် ကြိုဆို ပူးပေါင်းသည့် ဦး ဝင်းမြင့်က မဇ္ဈိမ ကိုပြောသည်။ စစ်ကြောင်း သည်ဖေဖော်ဝါရီ ၇ ရက်တွင် ကိုးပင်ကျေး ရွာအထိ ချီတက် မည်ဖြစ် ကာအောင်လံမြို့တွင် ညအိပ်နား မည်ဖြစ် သည်။

No comments: