Sunday, February 1, 2015

အခမဲ့ အထက်တန်း ပညာရေး အတွက် ဘတ်ဂျက် ၁‚၄၀၀ ဘီလီယံတောင်းခံ

မောင်သင်တုန်း

လာမည့် ၂ဝ၁၅ - ၁၆ ဘဏ္ဍာနှစ် တွင်ကျောင်း ဆရာ၊ ဆရာ မလေး သိန်း နီးပါး အထိခန့် ထားနိုင် ရန်နှင့် အခမဲ့ ပညာရေးအ တွက်ကျောင်းသား တစ်ဦးလျှင် အနည်းဆုံးကျပ် တစ်သိန်း အကုန်ကျခံနိုင်ရန် အတွက် ကျပ်၁၄ဝဝ ဒသမ ၉၄၉ ဘီလီယံ သုံးစွဲရန် ပညာရေး ဝန်ကြီး ဌာနက ဘဏ္ဍာငွေတောင်း ခံလိုက်သည်။

''၂ဝ၁၅ - ၁၆ ဘဏ္ဍာနှစ်တွင် သုံးသိန်း ကိုးသောင်း ခုနှစ်ယောက် (၃၉ဝ,ဝဝ၇) ခန့်သွားဖို့ ရည်ရွယ် ပါတယ်'' ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက် တာဇော်မင်းအောင် ကလွှတ်တော် တွင်ပြောသည်။

ယခုလာမည့် ဘဏ္ဍာနှစ်မှစပြီး အထက်တန်း ပညာရေး စနစ် အထိ အခမဲ့ ပညာရေး စနစ်ကို ကျင့်သုံးသွား ရန်ဆောင်ရွက် ထားသည်ဟု ဆိုသည်။ ထို့အပြင် မူလတန်း အခမဲ့ ပညာရေးစနစ် တွင်ကျောင်း သားကျောင်းသူ များကိုကျောင်း ဝတ်စုံများ ပါထောက် ပံ့နိုင်ရန် ရည်ရွယ်ဆောင်ရွက် ထားပြီး ဟုဆိုသည်။

မူလတန်းကျောင်း သားကျောင်း သူတစ်ဦးလျှင် ကျပ်တစ်သိန်းတစ်ထောင်၊ အလယ် တန်းကျောင်းသားကျောင်း သူတစ်ဦး ကျပ်တစ် သိန်းငါးထောင်၊ အထက် တန်းကျောင်း သားကျောင်း သူတစ်ဦး ကျပ်တစ်သိန်း တစ်သောင်းခုနှစ်ထောင် ရင်းနှီးမြှုပ်နှံ အသုံးပြုသွားမည် ဟု ဒုတိယဝန်ကြီး ကဆိုသည်။

''ကျောင်းနေနှုန်း တိုးတက် ရေးကျောင်း ပြောင်းရွှေ့ တိုးတက်ရေးနှင့် တစ်နည်း အားဖြင့်ကျောင်း ထွက်နှုန်း နည်းပါးအောင်ကျောင်းထောက် ပံ့ကြေးများ တိုးမြှင့်ရေးနှင့် ပညာသင်ဆု တိုးမြှင့်ရေး၊ ပညာရေးထောက် ပံ့ငွေတိုးပေးရေး များက လည်းဆောင်ရွက် သွားမှာဖြစ် ပါတယ်''ဟု ၄င်း ကပြောသည်။

အခြေခံ ပညာသည် အဓိကကျ သည့်အတွက် ဘဏ္ဍာငွေ၏ ၈၁ ဒသမ ၄ ရာခိုင်နှုန်း အထိ သုံးစွဲသွား မည်ဟု ဆိုသည်။ အဆင့်မြင့် ပညာရေး ကဏ္ဍအတွက် ဘဏ္ဍာငွေ၏ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းနှင့် ဆရာ အတတ် သင် ပညာရေး အတွက် ဘဏ္ဍာငွေ၏ ၂ ဒသမ ၄၉ ရာခိုင်နှုန်း အခြားကဏ္ဍ အတွက် ဘဏ္ဍာငွေ ၁ ဒသမ ၇၄ ရာခိုင်နှုန်း အသုံးပြု သွားမည်ဖြစ်သည်။

''ပညာရေး ဝန်ကြီး ဌာနရဲ့ ဘဏ္ဍာရေး အသုံးစရိတ် များဟာ အမှန် တကယ် ကုန်ကျ ခံပြီး စိစစ် တင်ပြပြီး ဘဏ္ဍာရေးကော် မရှင်ကလည်း အတည်ပြု ပြီးဖြစ် တဲ့အတွက်ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးပါ ရန် တင်ပြအပ်ပါတယ်''ဟု ဒုတိယ ဝန်ကြီးဒေါက်တာဇော်မင်းအောင် ကပြောသည်။

No comments: