Wednesday, February 4, 2015

အောင်ဆန်း သူရိယနှင်းဆီ အငြိမ့် အမျိုးသား ကဇာတ်ရုံ၌ ကပြမည်

ပန်းမြတ်ဇော်

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရာပြည့် အထိမ်းအမှတ် အဖြစ်အောင်ဆန်း သူရိယနှင်းဆီ အငြိမ့်ကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ ၌ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့ တွင်ကပြဖျော်ဖြေ မည်ဟု ဒါရိုက် တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ကမဇ္ဈိမ ကိုပြောသည်။

" ဗိုလ်ချုပ် ဇာတ်ကား ရန်ပုံငွေ အတွက်ရော၊ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ အတွက် ကျန်ခဲ့မယ့် ဟာလေး တစ်ခု လုပ်ဖြစ်တာပါ။ ဒီပွဲ အတွက် အခုပြက် လုံးတွေ တိုက်နေ ပါတယ်။သေသေ ချာချာလေး လဲပြင်ဆင်နေ ပါတယ်" ဟု ၄င်း ကပြောသည်။

ယင်းအငြိမ့်ဖျော်ဖြေပွဲကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးကော် မတီမှ ကြီးမှူး ကျင်းပခြင်ဖြစ် ပြီးအောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ရန်ပုံငွေ ဗိုလ် ချုပ်အောင်ဆန်း မွေးနေ့ ရာပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ကာ မင်းမော်ကွန်း ၊နေတိုး ၊ကျော်ကျော်ဗို ၊ ထွန်းထွန်း တို့က လူရွှင်တော်များ အဖြစ် ပါဝင် ကပြကြမည် ဖြစ်ပြီး မင်းသမီးများ အဖြစ် ဖူးစုံ ၊မေကဗျာ ၊ မိုးပြည့်ပြည့်မောင်နှင့် မိုးယုစံ တို့ပါဝင် ကြမည် ဟု၎င်း ကပြောသည်။

ယင်းဖျော်ဖြေ မှုများ အပြင် လင်းလင်း ၊ ခင်ညွန့်ရီ ၊ ထွန်းအိန္ဒြာဗို နှင့် တခြား အဆိုတော် များ၏ သီဆိုဖျော်ဖြေမှု များကိုလည်း ထည့်သွင်းသွား မည်ဟုမောင် မျိုးမင်းရင် တွင်းဖြစ် ကပြောသည်။

အောင်ဆန်းသူရိယနှင်းဆီ အငြိမ့်ကို ည ၇နာရီမှ စတင် ဖျော်ဖြေ တင်ဆက်မည် ဖြစ်ပြီး mntv Sky Net Shwe FM တို့မှ တိုက်ရိုက် ထုတ်လွှင့် တင်ဆက် မည်ဖြစ်ကာ လက်မှတ် တစ်စောင် လျှင်ငွေကျပ် ၇၀၀၀၀၊ ၅၀၀၀၀၊ ၃၀၀၀၀၊ ၁၀၀၀၀ တို့သတ်မှတ်ထားပြီး မန်းသီရိ တေးသံသွင်း ၊ Nobody (Yakin Center) Tony Tun Tun (ဇ၀န ၊ Junction ၊ သင်္ဃန်းကျွန်း) Royal Cafe ပြည်သူ့ဥယျာဉ် ၊နှင့်လင်းရုပ်ရှင် ထုတ်လုပ်ရေး တို့တွင် ၀ယ်ယူ ရရှိနိုင် သည်ဟုမောင်မျိုးမင်း (ရင်တွင်းဖြစ်) ကပြောသည်။

No comments: