Tuesday, February 10, 2015

ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့လုပ်ကွက် သုံးခုတွင် ရှာဖွေတူးဖော်ရန် ရှဲလ်ကုမ္ပဏီ စာချုပ် ချုပ်ဆို

မဇ္ဈိမ

ရှဲလ် (Royal Dutch Shell Plc) နှင့် ၄င်း၏ စီးပွားဖက် Mitsui Oil Exploration Co., Ltd. Group (MOECO) တို့သည်မြန်မာ့ ကမ်းလွန်ရေ နံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် သုံးကွက်တွင် လုပ်ငန်း များဆောင်ရွက် ရန်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့်ဖေဖော် ဝါရီ ၅ ရက်က စာချုပ် ချုပ်ဆိုခဲ့ သည်ဟု သတင်း ထုတ်ပြန်သည်။

မြန်မာ့ကမ်းလွန်ရှိ AD-9၊ AD-11 နှင့် MD-5 လုပ်ကွက် များအတွက် ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်မှု အပေါ် ခွဲဝေခံ စားရေးဆိုင် ရာစာချုပ်များ (PSCs)ချုပ် ဆိုခဲ့ခြင်းဖြစ်ပြီး အလားအလာ ရှိသောနေရာ များတွင် ရှာဖွေတူးဖော် မည်ဖြစ်သည်။

''ဒီရှာဖွေ တူးဖော်ရေး အစီအစဉ် ဟာမြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုမှာ အဓိကအခန်း ကဏ္ဍက ပါဝင်နေတဲ့မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အင်မတန် အရေးပါ တဲ့ခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်''ဟု စွမ်းအင်ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် ကပြောသည်။

Shell သည် မြေငလျင်နှင့် အခြားဘူမိ ရူပဗေဒဆိုင်ရာ အချက်အလက်များကို တိုင်းတာရယူဆောင်ရွက်ပြီး အဓိပ္ပာယ်ကောက်ယူရန် အသုံးပြုသည့် အဆင့်မြင့် ကိရိယာများ အပါအဝင် ရှာဖွေတူးဖော်ရေးတွင် ဦးဆောင်ထိပ်တန်း နည်းပညာ များကို အသုံးပြုသွား မည်ဖြစ်သည်ဟု ဆိုသည်။

''ကျွန်တော်တို့ရဲ့ ကမ်းလွန်ရေ နက်ပိုင်းဆိုင်ရာ အဆင့်မြင့်နည်း ပညာစွမ်းဆောင်ချက်တွေကို အသုံးချနိုင်ဖို့ ဒီလုပ်ကွက်သုံးကွက်က ကျွန်တော်တို့ကို စိတ်လှုပ် ရှားဖွယ် ရှာဖွေတူးဖော်ရေးအခွင့်အလမ်းအသစ် တစ်ခု ကို ပေးပါတယ်''ဟု Royal Dutch Shell ၏ Exploration Asia and Australia ဆိုင်ရာ ဒု-ဥက္ကဋ္ဌ Graeme Smith ကပြောသည်။

မြန်မာ အစိုးရနှင့် သဘော တူညီချက် များအရ ရခိုင် ကမ်းလွန်ရှိ AD-9၊ AD-11 နှင့် တနင်္သာရီ ကမ်းလွန်ရှိ MD-5 တို့တွင်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေ တူးဖော် ခွင့်ရရှိခဲ့ပြီး အဆိုပါ လုပ်ကွက် များ၏ ဧရိယာ အကျယ်အဝန်းသည် စတုရန်း ကီလိုမီတာ ၂၁,ဝဝဝ ခန့်ရှိပြီး ကမ်းလွန် ကီလိုမီတာ ၃ဝဝ အကွာ အဝေး ရှိသော မီတာ ၁,၈ဝဝ မှ ၂,၇ဝဝ အထိနက် သည့်ရေနက် ပိုင်းများ၌ တည်ရှိခြင်းဖြစ်သည်။

အဆိုပါလုပ်ကွက် သုံးကွက်ကို Shell က Operator အဖြစ်ဆောင် ရွက်ခွင့် ရရှိထားပြီး အဆိုပါစာချုပ်သုံးခု တွင် အကျိုးအမြတ် ပမာဏ ၉ဝ ရာခိုင်နှုန်း ပိုင်ဆိုင် ပြီး MOECO က ကျန်သည့် ၁ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင် သည်။

မြန်မာနိုင်ငံတွင် ကမ်းနီးနှင့် ကမ်းဝေးရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၅ဝ ခန့်ရှိပြီး နိုင်ငံတကာ လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးအပ်ရန် လုပ်ကွက် ၁ဝ ခု ခန့် ကျန်ရှိနေသေးသည်။

No comments: