Tuesday, February 3, 2015

ချစ်သူများနေ့ဂီတပွဲတော်မျှော်စင်ကျွန်းတွင် ကျင်းပမည်

ပန်းမြတ်ဇော်

ချစ်သူ များနေ့ ဂီပွဲတော် Happy Valentine's Day Music Concert 2015 ကိုဖေဖော် ၀ါရီ ၁၄ ရက် တွင်မျှော် စင်ကျွန်း၌ ကျင်းပ မည်ဖြစ် ပြီးယင်း ပွဲတော်ကို Bo Bo Entertainment မှ ဦးစီး ကျင်းပခြင်းဖြစ် သည်ဟု ကိုဘိုဆန်း ကပြောသည်။

အဆို ပါဖျော်ဖြေပွဲတွင် Snare ၊ Nine One ၊ဂျောက်ဂျက် ၊ဝေလ ၊ လွှမ်းပိုင် ၊ ရဲရင့်အောင် ၊ရွှေထူး ၊ ထက်ယံ ၊ Lil'Z ၊ X-Box ၊ နီနီခင်ဇော် ၊ အိမ့်ချစ် ၊ မိစန္ဒီနှင့် ထက်ထက် (Bobby Soxer) တို့၏ တစ်ဦးချင်း စီဖျော်ဖြေ မှုများ အပြင် စုံတွဲဖျော်ဖြေမှု များကိုလည်း သီဆိုကြမည် ဟု၎င်း ကပြောသည်။

ယင်းဖျော်ဖြေပွဲကို G-Shock မှ စပွန်ဆာ အဖြစ် ပံ့ပိုး ပေးထားပြီး လက်မှတ် တစ်စောင် လျှင်ငွေကျပ် ၇၅၀၀ အဖြစ် သတ်မှတ် ထားကာ ထူးခြားမှုသည် အဆို ပါဖျော်ဖြေ ပွဲကို လာရောက် သူများ ထဲမှ ပထမဆုံး စုံတွဲ ၅၀၀ ကိုဗေဒင် တစ်ခါမေး ခွင့်ပေးခြင်း များ ၊ နှင်းဆီ ပန်းနှင့်ချော ကလက်များ အမှတ်တရ လက်ေ ဆာင်ပေးခြင်း များကိုလည်း ပရိသတ်များ စိတ်ဝင်စားစေ ရန်ထည့်သွင်း ထားသည်။

ချစ်သူများနေ့ ဂီပွဲတော်ကို လာရောက် ကြည့်ရှုကြမည့် ပရိသတ်များကို G-Shock နှင့် Baby-G နာရီ ၁၀လုံး ကို မဲဖောက် ပေးသွားမည် ဟုကိုဘိုဆန်း ကပြော သည်။ စင်မြင့် တည်ဆောက်မှု တွင် အလင်းရောင်နှင့် LEDများ ကို ပိုမိုထည့် သုံးကာ ယခင်ပွဲ များနှင့်မတူ ထူးခြားစေရန် ဖန်တီးသွား မည်ဖြစ် ကာဖျော်ဖြေပွဲ လက်မှတ် များကို Bo Bo Music Production ၊ City Mart & Ocean Supermarkets , Orange Supermarkets , မန်းသီရိ တေးသံသွင်း ၊ Nobody ၊ Fashion Star ၊ RUN YGN ၊ Genius ၊ OMG နှင့်ရွှေလ၀န်း media တို့တွင် ၀ယ်ယူ ရရှိနိုင်ကာ လက်မှတ် ၅စောင် အထက် မှာယူပါက အိမ်တိုင် ရာရောက် ပို့ပေး မည်ဖြစ်သည်။

လက်မှတ်များကို သတ်မှတ် ထားသည့် နေရာတွင်သာ ၀ယ်ယူ နိုင်ပြီးလက်မှတ် အတုများကို ၀င်ခွင့် ပြုမည် မဟုတ်ဘဲဖျော်ဖြေပွဲကို ညနေ ၃နာရီမှ စတင်ကျင်း ပမည် ဟုကို ဘိုဆန်း ကပြောသည်။

No comments: