အောင်သူရထွန်း
စက်မှုဝန်ကြီးဌာန၊ အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်း လက်အောက်တွင်ရှိသော ကားထုတ်ရေး စီမံကိန်းအား ၂၀၁၁ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သော်လည်း လာမည့် ဘဏ္ဍာနှစ်သစ်အတွက် ဘတ်ဂျက်များကို စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြတောင်းခံ လိုက်သည်။
ဒု-ဝန်ကြီးက “ကျပ် ၁ ဒသမ ၀၈၄ ဘီလီယံ တောင်းခံထားပြီး စက်မှုဆိုင်ရာ အဆောက်အအုံ အတွက် ဒသမ ၄၁၉ ဘီလီယံ၊ လျှပ်စစ် တပ်ဆင်ခြင်းအတွက် ဒသမ ၀၁ ဘီလီယံ Final Subject Certificate ပေးမှုအတွက် ငါးရာခိုင်နှုန်းက ၁ ဒသမ ၁၃၃ ဘီလီယံ၊ အခွန်အခများ စီမံခန့်ခွဲစရိတ်၊ ဆိပ်ကမ်းရှင်းလင်းစရိတ် သယ်ယူပို့ဆောင်စရိတ် ဒသမ ၄၃၄ ဘီလီယံ ဒီစက်ရုံအနေနဲ့ ဒီနှစ်အတွင်းမှာပြီးစီးအောင် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောသည်။
ယင်းစီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ China National Heavy Duty Truck Co.Ltd နှင့်ပူးပေါင်း ဆောင်ရွက်နေသော Exim Bank of China ချေးငွေ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၉၈ သန်း အပါအဝင် နိုင်ငံပိုင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂၂ သန်းတိုဖြင့် စီမံကိန်းဆောင်ရွက်ခဲ့ကြောင်း ဒု-ဝန်ကြီးက ရှင်းပြသည်။
ထို့အပြင် “စီမံကိန်း ပြီးစီးသွားရင်တော့ Cago Truck၊ Denk Truck၊ Trucker၊ Truck အစရှိတဲ့ အလတ်စား ၁၅ တန် ကုန်တင်ယာဉ်များ စုစုပေါင်း အစီးရေ ၁၅၀၀ ခန့် နှစ်စဉ်ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်” ဟု ဒု-ဝန်ကြီးက ဆိုသည်။
No comments:
Post a Comment