မြင့်မြင့်စိုး
ဂီတလောက တွင်အောင်မြင် မှုရရှိခဲ့ပြီး ဂီတခေတ် တစ်ခေတ်ကို ထူထောင်နိုင်ခဲ့ သည့်တေးရေးတေး ဆိုစောဘွဲ့မှူး၏ အမှတ်တရတေး ဂီတဖျော်ဖြေပွဲ ကိုမတ်လ ၂၈ ရက်တွင် စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park ( MEP) တွင် ကျင်းပနိုင် ရန်အတွက် စီစဉ်နေ သည်ဟုယင်းဖျော်ဖြေပွဲကို စီစဉ်နေသည့် Forever Blossom မှ တာဝန်ရှိ သူဖြစ်သည့် ဦးပြည့်ဖြိုးဟန်က မဇ္ဈိမ ကိုပြောသည်။
" ကျွန်တော် တို့တေးရေးတေးဆို စောဘွဲ့မှူးရဲ့ ကွယ်လွန်ခြင်း အနှစ် ၂၀ပြည့်ပွဲကို ကျင်းပဖို့ စီစဉ်နေ တာပါ။ အဲဒီပွဲ မှာစောဘွဲ့မှူးရေး သားခဲ့တဲ့ သီချင်းတွေ၊ သီဆိုခဲ့တဲ့ သီချင်းတွေကို အမှတ်တရပြန်လည်သီ ဆိုကြမှာပါ။ ဒါပေမယ့် ဒီဖျော်ဖြေပွဲ ကိုစောဘွဲ့မှူးရဲ့ တူတွေ နဲ့စောဘွဲ့မှူးသား ကဦးဆောင်ပြီး စီစဉ်ကျင်းပ တာပါ။ ကျွန်တော်တို့ ကပွဲဖြစ်မြောက်အောင် လိုအပ်တာတွေ ကိုဝိုင်းပြီး ကူညီပံ့ပိုးပေး တာပါ" ဟု၎င်း ကပြောသည်။
စောဘွဲ့မှူး၏ သမီးဖြစ်သူ ကဗျာဘွဲ့မှူး ကလည်း " ဒီပွဲလေး လုပ်ဖို့အတွက် အဖေ့ရဲ့ညီ ၊အစ်မတို့ရဲ့ ဦးလေးက ဦးဆောင်ပြီး စီစဉ်နေတာပါ။ အစ်မ တို့မောင်နှ မတွေထဲ ကနိုင်ငံခြားရောက်နေ တဲ့အစ်ကိုတစ်ယောက် ကလွဲရင် အားလုံးပါဝင် သီဆိုမှာပါ။အခုပွဲ မှာဆိုပေး မယ့်တီးဝိုင်းတွေနဲ့ အစ်မတို့ ညှိနှိုင်းနေ ပါတယ်" ဟု၎င်း ကပြောသည်။
ယင်းဖျော်ဖြေပွဲ တွင်စောဘွဲ့မှူး၏ သားများဖွဲ့စည်းခဲ့သည့် D Blade တီးဝိုင်း ၊စောဘွဲ့မှူး ကိုယ်တိုင် ဦးဆောင် ဖွဲ့စည်းခဲ့သည့် Iron Cross တီးဝိုင်း တို့မှလည်း ပါဝင်ဖျော်ဖြေ ရန်စီစဉ် လျက်ရှိသည်။
ဂီတပညာ ရှင်စောဘွဲ့မှူး သည် ၁၉၉၄ ခုနှစ်တွင် ကွယ်လွန် ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ခြင်းနှစ် ၂၀ပြည့်အထိမ်း အမှတ်အဖြစ် ၂၀၁၄ ခုနှစ် ကတည်း ကစီစဉ် ခဲ့သော်လည်း ၂၀၁၅ ခုနှစ်ရောက် ရှိမှသာ ယင်းဂီတ ဖျော်ဖြေပွဲဖြစ်မြောက် ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment