Sunday, February 1, 2015

ခြောက်ပွင့် ဆိုင်တွေ့ရန် မလိုက်နာလျှင် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ဟု သူရဦးရွှေမန်းပြော

စိုးသန်းလင်း၊ ဝင်းကိုကိုလတ်

ပြည်ထောင်စု လွှတ်တော် ကပြဋ္ဌာန်းလိုက် သည့်ခြောက်ပွင့် ဆိုင်တွေ့ ဆုံရေး အဆိုကို မည်သူ ကမျှ ဟန့်တား ၍မရကြောင်းနှင့် ထိုအ ဆိုကို မလိုက် နာပါက ဥပဒေကို ချိုးဖောက် ရာရောက်ကြောင်းပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဇန်နဝါရီ ၃ဝ ရက်က မီဒီယာ များနှင့်တွေ့  စဉ်ပြောသည်။

''မြန်မာနိုင်ငံမှာ အမြင့် ဆုံးသော ဥပဒေပြု အဖွဲ့ အစည်းဖြစ် တဲ့ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက် တဲ့ ဥပဒေတွေ၊ အဆိုတွေဟာ တခြားတခြားသော တိုင်းဒေသ ကြီးပြည်နယ် လွှတ်တော်တွေ ကပြဋ္ဌာန်းတဲ့ ဥပဒေတွေကို လွှမ်းမိုးတယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ ပြဋ္ဌာန်းချက်၊ ဆုံးဖြတ်ချက်ကို ဘယ်သူကမှ ဟန့် တားလို့မရဘူး ၊ချေဖျက်လို့မရဘူး။ အဲဒါကို မလိုက်နာဘူးဆိုရင် ဥပဒေကို ချိုးဖောက်တာပဲ''ဟု ၄င်း ကပြည်ထောင်စု လွှတ်တော်လေးနှစ်ပြည့် အခမ်းအ နားအပြီး သတင်းစာ ရှင်းပွဲ တွင်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ခြောက်ပွင့်ဆိုင်တွေ့ ဆုံရေးဖြစ်နိုင်ခြေ ရှိမရှိနှင့် ဘယ်တော့လောက် ဖြစ်နိုင်မလဲဟု မီဒီယာကမေး သည့်အခါ''သမ္မတဆီ တရားဝင် သဝဏ်လွှာပေး ပို့ထားတဲ့ အတွက် အဲဒီအ တိုင်းဖြစ်ဖို့များ ပါတယ်။ အချိန်ကာလ အနေနဲ့ပြောရင် ဒီ ၁၂ ကြိမ်မြောက် အစည်းအဝေး အတွင်းမှာ ပဲဖြစ်မှာပါ''ဟု သူရဦးရွှေမန်း ကပြောခဲ့ သည်။ ထို့အပြင် ''စောင့်သာ ကြည့်နေပါ၊ အချိန် မီတွေ့နိုင် ပါလိမ့်မယ်'' ဟုလည်း ၄င်း ကဖြည့် စွက်ပြော ခဲ့သည်။

ယင်းအပြင်ခြောက် ပွင့်ဆိုင်တွေ့ ဆုံရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကြို တင်တွေ့ဆုံမည် ဟုလည်း သူရ ဦးရွှေမန်း ကပြော ကြားသည်။

အာဏာရပြည် ခိုင်ဖြိုး ပါတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သူ သူရဦးရွှေမန်းက ''ခြောက်ပွင့် ဆိုင်တွေ့ ဆုံရေး အတွက် ကာချုပ်နဲ့ ကြိုတင် ပြီးတွေ့ ဆုံဆွေးနွေး သွားဖို့ရှိ တယ်'' ဟုသတင်းထောက် တစ်ဦး ၏မေးမြန်း မှုကိုပြန်လည်ဖြေ ကြားသည်။

သို့သော်တွေ့ ဆုံမည့်နေရာ၊ အချိန်စသည့်တို့ကိုမူ မပြောကြားခဲ့ပေ။ ထို့ပြင် မကြာသေး မီကလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်နှစ် ဦးတည်းတွေ့ဆုံခဲ့ သည်မှာ မှန်သည်ဟု ဝန်ခံပြောကြားခဲ့ပြီး နိုင်ငံအတွက်ခေါင်းဆောင် ပိုင်းများ ပုံမှန်တွေ့ ဆုံသည်ဟုလည်းဖြည့် စွက်ပြော ကြာသည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၂၉ ရက်ကလည်းနိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးတို့တွေ့ဆုံခဲ့ခြင်းသည် ပုံမှန်တွေ့ဆုံပွဲ သာဖြစ်ကြောင်းပြော ကြားခဲ့ပြီး အသေးစိတ် အချက်အလက် များကို မပြော ကြားခဲ့ပေ။

ထိုသို့ ခြောက်ပွင့်ဆိုင်တွေ့ဖြစ်ပါက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကဲ့သို့ အမျိုးသား လွှတ်တော်ကိုယ် စားလှယ်များထံမှ အကြံပြု ချက်များကြို တင်တောင်းခံ ရယူခြင်းမျိုးဆောင် ရွက်ရန်အစီအစဉ်ရှိမရှိကို မီဒီယာတစ်ဦး ကမေးမြန်းခဲ့ရာပြည်ထောင်စု လွှတ်တော်နာယက က''ဆွေးနွေး ရမယ့်အကြောင်း အရာတွေ အားလုံးခေါင်း ထဲမှာရှိပါတယ်'' ဟုပြောသည်။

ခြောက်ပွင့် ဆိုင်ဆွေးနွေးဖြစ် ပါက မည်သည့် အချက်များ ကိုဆွေးနွေး ပါမည် နည်းဟူ သည့်မေးခွန်း ကိုလည်း ယခု ကြိုတင်ပြော၍ မရသေး သည့် အတွက် မပြောနိုင်သေးကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

ခြောက်ပွင့်ဆိုင်တွေ့ရေးနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များ ကခြောက်ဦးသာမက တိုင်းရင်းသား ခုနစ်မျိုး မှကိုယ်စား လှယ်များလည်း ပါဝင်သင့်ကြောင်း ဇန်နဝါရီ ၂၉ ရက် က အမျိုးသား လွှတ်တော်အစည်း အဝေးတွင် ဦးခင်အောင်မြင့်အား အကြံပြု ခဲ့သေးသည်။

No comments: