ဝေဝေအောင်
အမြောက်တပ် (၃၆၀) မှ သိမ်းယူထားသော ဒီးမော့ဆိုမြို့နယ် ဒေါစဲကျေးရွာ ပိုင် သာသနာ့နယ်မြေနှင့် ဒေသခံများ၏ တောင်ယာစိုက်ခင်း ၁၀၅ ဧကကို ဇန်န၀ါရီလ ၂၃ ရက်နေ့က ပြန်လည်ပေးအပ် လိုက်ကြောင်း ဒီးမောဆိုမြေစာရင်း ဦးစီးမှူး ဦးကိုကိုနိုင်က ကန္တာရ၀တီတိုင်း(မ်) သို့ပြောသည်။
“တပ်တွေ သိမ်းတာကတော့ ဧက(၁၀၅)ဧကပေါ့နော သူတို့သိမ်းသွားသလောက် အကုန်ပြန်ပေးပါတယ်” ဟု ယမန်ဦးစီးမှူး ဦးကိုကိုနိုင်က ပြောသည်။
၎င်းမြေများကို ၂၀၀၁ ခုနှစ် တွင် အမြောက်တပ် စတည် ချိန်က သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး ဒေသခံများကို သီးစားခ ကောက်ယူကာ ပြန်လည် လုပ်ကိုင်စေခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အသိမ်းခံရသော မြေယာ များအတွက် ဒေါစဲသာသနာမှ ဦးပဉ္ဖင်းနှင့် ကျေးရွာတာဝန်ရှိသူများက သက်ဆိုင်ရာအစိုးရ ဌာနများသို့ တင်ပြတောင်းဆိုခဲ့ကြပြီး ယခုလို ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“အရှေ့မှာ လုပ်ပေးသွားတဲ့သူတွေကိုလည်း ကျတော်တို့ကျေးဇူးတင်တယ်။ အစိုးရတွေကိုလည်းကျေးဇူးတင်တယ်” ဟု ဒေါစဲဒေသခံတဦးကဆိုသည်။
၎င်းမြေ ၁၀၅ ဧကတွင် ဒေါစဲသာသနာပိုင်မြေများပါဝင်ပြီး ဒေသခံ ၁၀ ဦးပိုင်ဆိုင် သောမြေများလည်းပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ကြေးတိုင်နှင့် မြေစာရင်းဌာနက မြေတိုင်းကိရိယာ ဂျီပီအက်စ် (GPS) နှင့် လာရောက်တိုင်းတာပြီး တောင်သူများပိုင်ဆိုင်ကြောင်း ပုံစံ (၇) ကို ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

No comments:
Post a Comment