Saturday, February 7, 2015

လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ပြည်နယ်အစိုးရ ခွင့်ပြုချက်ဖြင့် အရစ်ကျ ထုတ်ယူရ

ကယားထဲ၊ ဝေဝေအောင်

ပည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ မြို့နယ်အလိုက် ကျပ်သိန်းတစ်ထောင်အတွက် လုပ်ငန်းစီမံကိန်းများဆောင်ရွက်ရန် ပြည်နယ်အစိုးရမှခွင့်ပြုချက်ဖြင့် ရန်ပုံငွေ အရစ်ကျ ထုတ်ယူရသည်ဟု ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က ဖေဖော်ဝါရီလ ၃ရက်နေ့တွင်ကျင်းပသည့် ဖွံ့ဖြိုးရေးရန်ပုံငွေပေးအပ်ပွဲတွင် ပြောကြားသွားသည်။

"ကျတော်တို့က ငွေကိုထုတ်ချင်တိုင်းထုတ်လို့မရဘူး။ ရံပုံငွေကြိကြပ်သူအရာရှိအဖွဲ့ကို ပြည်နယ်အစိုးရအဖွဲကပေးထားတယ်။ ကယားပြည်နယ် အစိုးရအဖွဲ့ကနေပြီးတော့မှ ထုတ်ယူခွင့်ပြုသည ဆိုတော့မှ ကျတော်တို့က ငွေထုတ်ယူလို့ရတယ်" ဟု ပြောဆိုသွားသည်။

ပည်ထောင်စုလွှတ်တော်မှ ဖွံ့ဖြိုးရေးရန်ပုံငွေဘတ်ဂျက်များကို အကောက်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဒီးမော့ဆိုမြို့နယ် ကျေးရွာအုပ်စု ၂၇ အုပ်စုအတွင်းတွင် လုပ်ငန်း ၃၆ ခုဖြင့် ကျေးရွာများအလိုက် တင်ပြတောင်းဆိုထားသည့်အလိုက် ရန်ပုံငွေ ပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ ဒီးမော့ဆိုမြို့ ခန်းမဆောင်တွင် ပထမအရစ်အနေဖြင့် ပေးအပ်သည့်အခမ်းအနား ကျင်းပသွားခြင်းဖြစ်သည်။

ပထမအရစ်အနေဖြင့် လုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းကိုပေးသွားပြီး ဒုတိယအရစ်ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့် တတိယအရစ်ကို မတ်လတွင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"ပြီးခဲ့တဲ့တနှစ်တုန်းက လွတ်တော်ကနေ တိုက်ရိုက်အပ်လိုက်တာပေါ့နော။ အခုတော့ ကယားပြည်နယ်အစိုးရကနေပြီးတော့မှ ဘာတွေလိုအပ်တယ်ဆိုတာတွေ၊ နောက်ပြီးတော့ ကျတော်တို့လုပ်နေတဲ့ အစိုးရလုပ်ငန်းတွေ မထပ်အောင် ရှင်းပြီးဆိုမှ အစိုးရတွေကလည်း အပ်လိုက်တာပေါ့" ဟု စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင် ကပြောသည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ကျေးရွာလမ်းကျောက်ချောခင်းခြင်း၊ ကျောင်းတွင်လိုအပ်သည့် ပရိဘောဂများ နှင့် ကျောင်း ပြုပြင်ပေးခြင်း၊ ရွာတွင် ရေပြွန်တပ်ဆင်ပေးခြင်း၊ မူကြိုကျောင်းဆောက်လုပ်ပေးခြင်း တို့ဖြစ်သည်ဟု သိရသည်။

ထိုဖွံ့ဖြိုးရေးလုပ်ငန်းတွင် အသုံးစရိတ်များကို စာရင်းစစ်လက်ခံနိုင်သည့် စံချိန်စံညွန်း ၊ အရည်အသွေးပြည့်မှီရန် အားလုံးမှ ထိန်းညှိကြိုးစားပေးသွားရန်လိုအပ်ကြောင်း၊ ယခင်နှစ်တွင် လိုအပ်ချင်များရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က အခမ်းအနားတွင် ပြောသွားသည်။

"ရပ်ကွက်ကျေးရွာ ဖွံ့/ထောက်အဖွဲ့ပေါ့။ အဲ့ဒီတင်ပြလာတဲ့ လုပ်ငန်းတခုက တကယ်အကောင်အထည်ဖော်တဲ့အခါကြတော့ လုပ်ငန်းကိုလွဲပြီးတော့ လုပ်လာတယ်။ဒီငွေစာရင်းရှင်းတဲ့အပိုင်းမှာ ငွေစာရင်း ထားရမယ့် ၆ခုမှာ ငွေစာရင်းမတင်မိဘူး။ နောက်ပြီးတော့ လုပ်ငန်းတွေသွားပြီးတော့ ကြီးကြပ်မှု၊ စစ်ဆေးမှုအပိုင်းကတော့ အားနည်းတယ်ပေါ့" ဟု ဦးစိုးရယ်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေကို တစ်မြို့နယ်လျှင် ကျပ်သိန်း(၁၀၀၀)ဖြင့် ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးရရှိကြမှာဖြစ်ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်ရန်ပုံငွေအတွက် ယခုဒီးမော့ဆိုမြို့ စတင်ပေးခြင်းဖြစ် ကျန်သည့်မြို့နယ်များ လာမည့်ရှေ့လများတွင်ပေးသွားရန် ရှိသည်ဟု သိရသည်။

၎င်းအခမ်းအနားသို့ ပြည်နယ်အစိုးရမှ စီမံနှင့်စီးပွားရေးဝန်ကြီး ဦးတော့ရယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးရန်အောင် ၊ ဒီးမော့ဆိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်တို့နှင့် မြို့နယ်၊ ကျေးရွာ အထောက်အကူပြု ကော်မတီအဖွဲ့များ ၊ ကျေးရွာအုပ်စုဥက္ကဌများက တက်ရောက်ခဲ့ကြသည်။

No comments: