ကျော်စိုးမိုး
ထိုင်းနိုင်ငံသား တစ်ဦးနှင့် မြန်မာ တစ်ဦးထံမှ စိတ်ကြွဆေးပြားများနှင့် အမှုန့်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ် တစ်ခု ဖေဖော်ဝါရီ ၁ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲ ခန့်က တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ တာချီလိတ် မူးယစ်တပ်ဖွဲ့၊ နေပြည်တော်တပ်ဖွဲ့နှင့် နယ်မြေရဲများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အဆိုပါ မြို့နယ်၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံ ကျေးရွာရှိ မူးယစ်သတင်းရရှိသည့် နေအိမ်ကိုရှာဖွေရာ ထိုင်းနိုင်ငံသား Mr.Kitchapan နှင့် မြန်မာနိုင်ငံသား အန်ဆမ်တန်းတို့ နှစ်ဦးကို တွေ့ခဲ့သည်။
ထိုသို့ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား၏ အိပ်ခန်းအတွင်းမှ WY စိတ်ကြွဆေးပြား ၂၂ဝ ပြား၊ မြန်မာနိုင်ငံ သား၏အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြားအမှုန့် ရှစ်ဂရမ်၊ စုစုပေါင်းကာလတန်ဖိုး ခုနစ်သိန်းခွဲခန့် သိမ်း ဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ၎င်းးတို့ နှစ်ဦးကို တာချီလိတ်မြို့မ ရဲစခန်းက မူးယစ် (ပ) ၂၈/၂ဝ၁၅၊ မူးယစ် ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment