ပန်းမြတ်ဇော်
အဆိုတော် ပလေးဘွိုင်း သန်းနိုင်သည် ဇန်န၀ါရီ ၃၀ ရက်အမျိုးသား ကဇာတ်ရုံ ၌ကျင်းပ မည့်၎င်း ၏နှစ် ၅၀ကျော် ဂီတဖျော်ဖြေပွဲ 50th Golden Jubilee Gold Flavour ကိုယဉ်တိုက်မှုဖြစ်ခဲ့ခြင်းကြောင့် ရက်အကန့်အသတ်မ ရှိရွှေ့ဆိုင်း လိုက်သည်ဟု ပွဲစီစဉ်သူဦးပီးပေါ် ကမဇ္စျိမ ကိုပြောသည်။"
မနေ့ကကိုသန်းနိုင် ယာဉ်တိုက်မှုဖြစ်ပါတယ်။ အဲဒါကြောင့်ပွဲကို ရက်အကန့်အသတ် မရှိရွှေ့ဆိုင်း ထားပါတယ်။ ကိုသန်းနိုင် ရဲ့ပရိသတ်တွေ ကိုလည်းတောင်း ပန်ပါတယ်။ ကိုသန်းနိုင် ကတော့ ဆိုဖို့ပဲ လုပ်နေတာ ။ကျွန်တော် တို့က နားခိုင်းထား ပြီးနောက်မှ လုပ်ဖို့ပြော ထားပါတယ်" ဟု ၄င်း ကပြောသည်။
အဆိုတော် ပလေးဘွိုင်း သန်းနိုင်သည် ဇန်န၀ါရီ ၂၉ရက်ညတွင် စစ်သမိုင်းပြ တိုက်ရှေ့တွင် ယဉ်မတော်တဆဖြစ်ပွား မှုကြောင့်ဆေးရုံ သို့ခေတ္တရောက် ရှိကာ ကုသခဲ့ ပြီးနောက် လက်ရိှတွင်နေ အိမ်သို့ပြန် လည်ရောက်ရှိပြီ ဟုဦးပီးပေါ် ကပြောသည်။
"နှစ်ဖက်စလုံး ရဲ့ကားတော့ ထိခိုက်မှုတွေဖြစ် ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုသန်းနိုင်က သတိရှိတော့သူ့မိတ်ဆွေ တစ်ယောက်စီကို ဖုန်းဆက် အကြောင်းကြား တယ်။အဲဒီသူကအစ်ကိုတို့စီကို အကြောင်းကြားလို့လိုက်သွားခဲ့ကြပါတယ်။ အရေးပေါ်ကုသမှုတွေ လုပ်ခဲ့ပြီးဆေးရုံကိုပို့ခဲ့ကြတယ်။ အခုတော့ စကားပြောနိုင် ဆိုနိုင်တယ်။ ဆရာဝန် ကတော့ မျက်လုံးထဲ မှန်စ၀င်သွား တယ်ပြောတယ် ။ အခုအိမ်မှာ ပြန်ရောက်နေ ပါပြီ" ဟု ၄င်း ကပြောသည်။
50th Golden Jubilee Gold Flavour ဖျော်ဖြေပွဲ လက်မှတ် ၀ယ်ယူ ထားသူများကို လက်မှတ် တန်ဖိုး အတိုင်း ဇန်န၀ါရီ ၃၁ရက် နံနက် ၁၀ နာရီတွင် Pee Paw Live Music Entertainment မှနေရာတစ်ခု သတ်မှတ်ကာ ပြန်လည်ထုတ်ပေး မည်ဖြစ်ပြီး ယင်းလက်မှတ် ဖြင့်ဖျော်ဖြေ ပွဲပြန် လည်ကျင်းပပြု လုပ်သည့် အချိန်၌ လာရောက် ကြည့်ရှုမည် ဆိုပါက လက်ခံ သွားမညဟု ဦးပီပေါ် ကပြောသည်။
ယင်း ဖျော်ဖြေပွဲ တွင် ဗစ်တာခင်ညို ၊ ဘိုဘိုဟန် ၊ စိန်ဝင်းထွန်း ၊ ခိုင်ထူး ၊ ခင်မောင်ထူး ၊ ဇော်ဝင်းရှိန် ၊ ဇော်ဝင်းထွဋ် ၊ ဂျေမောင်မောင် ၊ ချစ်ကောင်း ၊ ဂျက်မြသောင်း ၊ ရင်ဂို ၊ ဘိုဘို ၊ စည်သူလွင် ၊ ဇောထက်ဟန် ၊ ဖရန်ကို ၊ ဖြိုးကြီး ၊ ထွန်းထွန်း(Examplex) ၊ ဟဲလေး ၊ ငဲငယ် ၊ တင်အောင်မိုး ၊ ပီတာဘသိန်း ၊ ပြည့်ဖြိုးမောင် ၊ အယ်လ်ခွန်းရီ ၊ မေဆွိ ၊ မေခလာ ၊ စိမ်းမို့မို့ ၊ ဟေမာနေ၀င်း ၊ ကော်နီ ၊ သျှီ ၊ ယုဇန ၊ အိုင်းရင်းဇင်မာမြင့် တို့က 21st Century Play Boy , Emperor , Noon Music Band တီးဝိုင်းအဖွဲ့များနှင့်ဖျော်ဖြေရန် စီစဉ် ထားပြီးဖျော်ဖြေရေးလက်မှတ်များကို ငွေကျပ် ၃၀၀၀၀၊ ၂၀၀၀၀ ၊ ၁၀၀၀၀ ၊ ၉၀၀၀ တို့ဖြင့် ရောင်းချ ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment