Tuesday, February 10, 2015

"ကိုတင့်တို့ စူပါရပ်ကွက်" ရုပ်ရှင်အောင်ပွဲ အထိမ်းအမှတ် အဖြစ်ကျောင်းသုံး ပစ္စည်းများ သွားရောက် လှူဒါန်း

မြင့်မြင့်စိုး

"ကိုတင့်တို့ စူပါရပ်ကွက်" ရုပ်ရှင်အောင်မြင်မှု အထိမ်းအမှတ် အဖြစ်ယင်းဇာတ်ကား တွင်ပါဝင် သရုပ်ဆောင် ထားကြသည့် အနု ပညာရှင် များမှပဲခူး တိုင်းဒေသကြီး ၊ကျောက်တန်းရွာ ရှိဝေဠုဝန် စာသင်တိုက် ရှိကျောင်းသား လူငယ်လေး များအတွက်ကျောင်း သုံးပစ္စည်းများ ကိုဖေဖော်ဝါ ရီ ၅ ရက်တွင် သွားရောက်လှူဒါန်းခဲ့ကြသည်ဟုယင်းဇာတ်ကားကို ရိုက်ကူးပုံဖော်ခဲ့သည့် ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)က မဇ္စျိမကိုပြောသည်။"

ဒီဇာတ်ကားမှာ ပါတဲ့နာမည်ကြီး သရုပ်ဆောင်တွေ အားလုံးကအနုပညာကြေးမယူ ဘဲစေတနာ အပြည့်နဲ့ပါဝင် သရုပ်ဆောင်ပေး ထားတာပါ။ အဲဒါကြောင့်စေ တနာတွေ နဲ့ပေါင်းစပ် ပြီးဖြစ်ပေါ်လာ တဲ့အတွက် ဒီဇာတ်ကားလေး ကအောင်မြင် မှုရရှိတာပေါ့။ အနုပညာရှင်တွေက ပရိသတ်အတွက် အသစ်အဆန်းဖြစ်စေ ပြီးရုံကို အချိန်ပေး လာကြည့်ရ ကျိုးနပ်စေ မယ်ဇာတ်ကား တစ်ကား ဖန်တီးဖို့ ဆိုရင် အမြဲတမ်း အဆင် သင့်ရှိနေ တတ်ပါတယ်။ ဒီဇာတ် ကားလေး ကလည်း အနုပညာ ရှင်တွေက တစ်ယောက်လိုအပ် ချက်တစ်ယောက်ဖြည့် ဆည်းပေးပြီး စည်းလုံး ညီညွတ် တာကို ဒီဇာတ် ကားလေးက ပဲသက်သေပြနိုင် ခဲ့ပါတယ်" ဟု၎င်း ကပြောသည်။

ကိုတင့်တို့ စူပါရပ်ကွက် ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)၏ ပထမဆုံးပွဲဦးထွက်ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ရန်ကုန်မြို့ လယ်ရှိရုပ် ရှင်ရုံများ ၌အောင် ပွဲခံကာ စံချိန် သစ်ချိုးနိုင် ခဲ့ခြင်းကြောင့်အောင် ပွဲအထိမ်း အမှတ်အဖြစ် ယင်းဇာတ်ကား ၌ပါဝင် သရုပ်ဆောင် ခဲ့ကြသည့် အနုပညာ ရှင်များ ၊ထုတ်လုပ် သူများနှင့် မီဒီယာများက သွားရောက် လှူဒါန်းကြခြင်းဖြစ် သည်ဟုကျော်ဇောလင်း (အတွေးပုံရိပ်) ကပြောသည်။

ပဲခူး တိုင်းဒေသကြီး ၊ကျောက်တန်း ရွာရှိဝေဠုဝန် စာသင် တိုက်တွင် သွားရောက် လှူဒါန်းဖြစ်ခဲ့ခြင်း သည်ယင်း ဇာတ်ကားကို ထုတ်လုပ် ခဲ့သည့် ဦးဝင်းကြည် မှရွေးချယ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စာသင်တိုက်တွင် ပညာသင်ကြားလျက်ရှိ သည့်ကျောင်းသားကျောင်း သူများအ တွက်ကျောင်းသုံး ပစ္စည်းများကို အဓိကထား လှူဒါန်းခြင်းဖြစ် သည်ဟု၎င်း ကဆိုသည်။

ယင်းဇာတ် ကားကို စိန်ဌေး ရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ် ပြီးဇာတ် လမ်းဝေသာ၊ ဇာတ်ညွန်း ကိုကျော်တို့ ကရေးသား သည့်ဇာတ် လမ်းကို ဒါရိုက် တာကျော်ဇောလင်း (အတွေး ပုံရိပ်) ကသဘာဝ ဟာသ ပညာပေး ဇာတ်လမ်း အဖြစ် ရိုက်ကူး ပုံဖော်ခြင်ဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် အရိုင်းနှင့် မိုးပြည့်ပြည့်မောင် တို့က အဓိကနေရာ မှပါဝင် သရုပ်ဆောင် ထားပြီး အခြားသော အနုပညာရှင် များစွာက တစ်ခန်း စီသာ ပါဝင် သရုပ်ဆောင် ထားခြင်းဖြစ် သည်ဟု ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်) ကပြောသည်။

"ကိုတင့်တို့ စူပါရပ်ကွက် "ရုပ်ရှင် ဇာတ်ကားသည် သမ္မတ ရုပ်ရှင်ရုံ တွင်လေး ပတ်ကြာ ရုံတင်ပြသ ခဲ့ခြင်းဖြစ်ပြီး ရုံဝင် လူဦးရေ သည်၉၀ ရာခိုင်နှုန်း ခန့်ရှိခဲ့ သည်ဟု သမ္မတရုပ်ရှင် ရုံမန်နေဂျာ ဦးဌေးအောင်က မဇ္ဈိမကိုပြောသည်။ ယင်းရုပ်ရှင်ကားကို ဇန်နဝါရီ ၂ရက်တွင် စတင်ပြသ ခဲ့ပြီး ရုံးပိတ်ရက် များတွင်ကြည့် ရှုသူများ သဖြင့်လက်မှတ် ဝယ်ယူ မရသည် အထိအောင်မြင် မှုရရှိခဲ့သည့် ဇာတ်ကားဖြစ်သည်။

No comments: