သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အဝေရာ ကုန်းသာယာ ကွင်းတွင် ကျင်းပ ပြုလုပ်သော ၆၈ နှစ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်နိုင်ရန် ၊ နှစ်ပေါင်း ၆၀ ကျော်ကြာဖြစ်ပွား နေခဲ့သော အပစ်အခတ် များရပ်စဲ နိုင်ရေး စသည့် အချက်များ ပါရှိသည့် သဝဏ်လွှာ ပေးပို့ ခဲ့ကြောင်း သိရသည်။
သျှမ်းပြည်အမျိုးသားနေ့ကို သျှမ်းပြည်နယ်အစိုးရက ဦးစီးဦးဆောင်ကာ ဖေဖော်ဝါရီ ရ ရက်နေ့က တောင်ကြီးမြို့တွင်ကျင်းပရာ သျှမ်းပြည် နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊သျှမ်းပြည်နယ် လွှတ် တော်ဥက္ကဌနှင့်လွှတ်တော်ကိုယ်စား လှယ်များ၊စစ်ဘက်ဆိုင်ရာ အရာရှိများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်း မှ ဥက္ကဌများ၊တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့(၃၀)ကျော်နှင့်ဒေသခံ လူထုတို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတမှပေးအပ်သော နိုင်ငံ့စွမ်းဆောင်ရည်ဆုရရှိသူများကို သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့သည်။
ပည်ထောင်စုလွှတ်တော်နာယက၊ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း၏သဝဏ်လွှာတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ခတ် ရပ်စဲရေး တို့ကို ပူးပေါင်း ဆောင်ရွက်ကြရန်၊ ဥပဒေနှင့် အညီကိုယ်ပိုင် ပြဌာန်း အုပ်ချုပ်ခွင့် ရရှိရေးနှင့် ဖယ်ဒရယ် ပြည်ထောင်စု စနစ် ကျင့်သုံးနိုင်ရန်၊ ပြည်ထောင်စု လွှတ်တော်နှင့် အတူ ပူးပေါင်း ဆောင်ရွက် ကြရန်တိုက်တွန်း ထားကြောင်းလည်းသိရသည်။
၁၉၄၇ ဖေဖော်ဝါရီ ရ ရက်နေ့ကပဒေသရာဇ်ကောင်စီကိုဖျက်သိမ်းခဲ့ပြီး လူထုကိုယ်စားလှယ် ရ ဦး၊ စော်ဘွားကိုယ်စားလှယ် ရ ဦး ပေါင်း ၁၄ ဦးနှင့် ပြည်မ ကိုယ်စားပြု အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ တောင်တန်းပြည်မ ပူးပေါင်းကာလွတ်လပ်ရေး ရယူရန် ပင်လုံစာချုပ်ချုပ် ဆိုခဲ့သောနေ့ ဖြစ်သောကြောင့် ထိုနေ့အား သျှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။
၁၉၆၀ နောက်ပိုင်း သျှမ်းပြည်နယ်နေ့အား အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ သျှမ်းပြည်နယ် အစိုးရအဖွဲ့က သျှမ်းပြည်နယ်နေ့အား ပြည်နယ်အဆင့်ကျင်းပလာခဲ့ကြောင်းသိရှိရပါသည်။
သျှမ်းပြည်နယ်ရှိဒေသအသီးသီးတွင်သာမက ဂျပန်နိုင်ငံ စင်ကာပူနိုင်ငံ မလေးရှားနိုင်ငံ အမေရိကန်နိုင်ငံရောက် သျှမ်းမိသားစုများကလည်း သျှမ်းပြည်နယ်နေ့ အခမ်းအနားအား ပျော်ပွဲရွှင်ပွဲများဖြင့်ကျင်းပ ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment