Monday, May 2, 2011

ချင်းပြည်နယ်အစိုးရ၀န်ကြီးများ ပထမဆုံးအကြိမ် လူထုနဲ့တွေ့ဆုံ

ချင်းပြည်နယ်၏ပထမဦးဆုံးဝန်ကြီးချူပ်အဖြစ် ခန့်အပ်ခြင်းခံရသူဝန်ကြီးချူပ်ဦးဟုန်းငိုင်းအပါအ၀င် ၀န်ကြီး ၆ ဦး တို့သည်
ပထမဆုံးအကြိမ်လူထုတွေ့ဆုံဆွေးနွေးမှုတရပ်ကို ပြီးခဲ့သည့်ဧပြီလ ၂၉ ရက်နေ့ကတီးတိန်မြို့နယ်တွင်ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ဝန်ကြီးချူပ်ဦးဟုန်းငိုင် ဦးဆောင်သည့် ၀န်ကြီးအဖွဲ့သည် တီးတိန်မြို့ကမ်းဟောင် ခန်းမဆောင်ကြီးတွင် ဒေသခံပြည် သူများ၊ မြို့မိမြိုဖများ၊အစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံကာ လက်ရှိ နိုင်ငံတော်၏မူဝါဒလမ်းစဉ်များ၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု သိရသည်။

ဝန်ကြီးချူပ်ဦးဟုန်းငိုင်က ၄င်းတို့သည်ချင်းပြည်နယ်အစိုးရသစ်ဖြစ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးရေး၊ ပညာရေးနှင့်
ကျန်းမာရေးများ တိုးတက်လာစေရန်လုပ်ဆောင်ဖို့လိုအပ်ကြောင်းဒေသဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေကြသော အစိုးရ မဟုတ် သည့်အဲန်ဂျီအိုအဖွဲ့အစည်းများကိုလည်း ထောက်ခံအားပေးစကားပြောဆိုကြရန်လိုအပ်ကြောင်းပြောဆိုခဲ့သည်ဟု သိရ သည်။

ထို့နောက် ၀န်ကြီးချုပ်က ချင်းပြည်နယ်၏ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတိုးတက်ကောင်းမွန်လာစေရေးအတွက် ယုံကြည်ကိုးကွယ်မှုမှာလည်းအတားအဆီးမရှိပဲ ခရစ်ယာန်ကျမ်းစာ ရောမ သြ၀ါဒစာ အခန်းကြီး ၁၃း၁ အရ
အချင်းချင်း အကြားအပြန်အလှန်ဆုတောင်းမေတ္တာပို့ကာ ရှေ့ဆက်သွားသင့်ကြောင်းပြောဆိုခဲ့သည်။

ဝန်ကြီးအဖွဲ့သည် တီးတိန်မြို့နယ်ရှိ သိရိဥတ္တမတောင်ထိပ်ရှိဆက်သွယ်ရေးမိုက်ခရိုဝေ့ဖ် စက်ရုံနှင့် ပိုးချည်စက် ရုံတို့ကို
ကြည့်ရှုစစ်ဆေးမှုများလည်းပြုလုပ်ခဲ့ကြောင်းသိရသည်။တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူ နေကြ သောလူနာများကိုလည်း သွားရောက်ကြည့်ရှုကာထောက်ပံ့ငွေအသီးသီးပေးအပ်ခဲ့ကြောင်းမြန်မာ့အလင်းတွင်ဖော် ပြထားသည်။သို့သော်လည်း လူနာများအား တစ်ဦးလျှင်မည်မျှစီထောက်ပံ့ပေးခဲ့ကြောင်းကိုမူဖော်ပြထားခြင်းမရှိပေ။

ထို့အပြင်ဟားခါး-ကလေးကားလမ်း၌ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကိုသွားရောက်ကြည့်ရှုခဲ့ပြီး ဖလမ်းမြို့ နယ်မှ
လိုင်ဗားလျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် ငါး ဆစ်ဗားရေအားလျှပ်စစ်စက်ရုံတို့ကို သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ သည်ဟု
အစိုးရသတင်းစာမြန်မာ့အလင်းတွင်ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဦးဟုန်းငိုင်းနဲ့အတူ ဦး နိန်းနိုင်း(စီမံခန့်ခွဲရေးဝန်ကြီးဌါန နှင့် စက်မှုလက်မှုဝန်ကြီး)၊ ဦးဗန်ထောင်း(စိုက်ပျိုး ရေးဝန်ကြီး)၊ ဒေါက်တာဘမောင် (လူမှုရေးဝန်ကြီး)၊ဦးကျင့်လျန်ပေါင် (ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေးဝန်ကြီး)၊ ဦးနန်ဇမုန် (ဘဏ္ဍာရေး နှင့် စီမံကိန်းဝန်ကြီး) နှင့်ဦးကျော်ငြိမ်း (စွမ်းအင်၊လျှပ်စစ်၊သတ္တု နှင့် သစ်တော ၀န်ကြီး)တို့ပါဝင် သည်ဟုသိရသည်။

No comments: