Sunday, August 7, 2011

ကားမိုင်းအနီး KIA တိုက်ခိုက်မှုတွင် မြန်မာစစ်ဗိုလ် ၁ ဦးကျ၊ ၃ ဦးဒဏ်ရာရ

KNG

ကချင်ပြည်နယ် အနောက်ဘက် ကားမိုင်းမှမိုးကောင်းသို့ပြန်လာသောမြန်မာစစ်တပ်အား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ပစ်ခတ်တိုက်ခိုက်ရာ မြန်မာစစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးသည်ဟု KIA အရာရှိများပြောသည်။


သြဂုတ် ၄ ရက် နေ့လည် ၁၁ နာရီတွင် ကားမိုင်း-မိုးကောင်းလမ်း လဘန်ကထောင်ရွာနှင့် ဆောင်းခရားရွာ ကြားတွင် အင်အား ၄၅ ခန့် မြန်မာစစ်သားများနှင့် KIA တပ်မဟာ (၂)၊ တပ်ရင်း (၆) တပ်သားများ ကြား တိုက်ပွဲဖြစ်ပွားရာ မြန်မာစစ်သား ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရသည်ဟု ဆိုသည်။

သေဆုံးသည့်မြန်မာစစ်သားများတွင် ဗိုလ်မျိုးမင်းအောင်နှင့် ဒဏ်ရာရသည့်ထဲတွင် ဗိုလ်ဇော်ထွန်းဦးတို့ပါဝင်ကြောင်း သိရသည်။

မြန်မာစစ်သားများတွင် ၀ိုင်းမော်နယ်မြေခံ ခလရ (၅၈)၊ မိုးညှင်းနယ်မြေခံ ခလရ(၁၅)၊ ဆားမှော်နယ်မြေခံ ခလရ(၁၀၅)နှင့် တြိဂံဒေသတိုင်းမှ မိုးယန်းနယ်မြေ ခလရ(၂၈၁)တို့ပါဝင်သည်။

မြန်မာစစ်သား ဒဏ်ရသူများအား မိုးကောင်းဆေးရုံသို့ ပို့ဆောင်နေသည်ကို တွေ့ရသည်ဟု မျက်မြင်များက ဆိုသည်။

KIA ဖက်မှ တပ်ကြပ် လယန်ဘရန်နူး (Layang Brang Nu) ကျဆုံးသွားသည်ဟု KIA တပ်ရင်း ၆ က အသိပြုသည်။

ယခုမြန်မာစစ်တပ်ဖွဲ့ဇူလိုင် ၃၁ ရက်တွင် ကထန်ယန်ကျေးရွာသား ဖုတ်ဂျောင်ဆိုင်းဒူ (အသက် ၃၀)အား ဖမ်းဆီးနှိပ်စက်ကာ အရှင်မြေမြှုပ် လိုက်သည်။

No comments: