Saturday, September 17, 2011

မြစ်ဆုံစီမံကိန်း​ကို ပြန်စဉ်း​စား​ဖို့​ ​ဒေါက်တာ ဦး​မြင့်​ တိုက်တွန်း

နေသွင်

မြစ်ဆုံ​ရေကာတာစီမံကိန်း​ကို လွတ်လပ်တဲ့​စုံစမ်း​မှု​တွေလုပ်ပြီး​မှ ဆက်လုပ်သင့်​မသင့်​ စဉ်း​စား​သင့်​တယ်လို့​ သမ္မတ စီး​ပွား​ရေး​ အကြံ​ပေး​အဖွဲ့​ခေါင်း​ဆောင် ​ဒေါက်တာ ဦး​မြင့်​က တိုက်တွန်း​လိုက်ပါတယ်။

“မြစ်ဆုံစီမံကိန်း​ကြောင့်​ ဖြစ်လာနိုင်တဲ့​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ သက်​ရောက်မှု​တွေကို ဘက်မလိုက်ဘဲ၊​ လွတ်လပ်တဲ့​ ​လေ့​လာသုံး​သပ်မှု​တွေ ပြုလုပ်သင်တယ်လို့​ ပညာရှင် တ​ယောက်အ​နေနဲ့​ ကျ​နော် အ​လေး​အနက်ခံယူပါတယ်” လို့​ ဒီဗွီဘီက လက်ခံရရှိတဲ့​ ဦး​မြင့်​ရဲ့​ စာမှာ ​ဖော်ပြထား​ပါတယ်။

လွန်ခဲ့​တဲ့​ တနှစ်​ကျော်က မြစ်ကြီး​နား​မြို့​မှာ သူကိုယ်တိုင်က ​လေး​စား​ရတဲ့​ ကချင်​ခေါင်း​ဆောင် ဟိုဝါး​ဒူဝါ​ဇော်ဂမ်နဲ့​ ​တွေ့​ဆုံစဉ်မှာ ဒူဝါကြီး​က မြစ်ဆုံ​ရေကာတာဟာ ချိန်ကိုက်ဗုံး​တလုံး​လို ဖြစ်​နေတယ်လို့​ ​ဆွေး​နွေး​ခဲ့​တာကို ဦး​မြင့်​ရဲ့​ မှတ်ချက်နဲ့​တကွ ပူး​တွဲ ​ဖော်ပြထား​ပါတယ်။

ပင်လုံစာချုပ်လက်မှတ်ထိုး​ဖို့​ကိစ္စမှာ ဦး​ဆောင်ခဲ့​တဲ့​ ကချင်​ခေါင်း​ဆောင် Howa Duwa M.Hkun Hpung ရဲ့​ သား​၊​ ကချင်​ခေါင်း​ဆောင်ဟိုဝါး​ဒူဝါ​ဇော်ဂမ်ရဲ့​ ​ဆွေး​နွေး​ချက်ဖြစ်တဲ့​ “ဒီ​ရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ်ထင်တယ်။ ပထမရည်ရွယ်ချက်က ​ရေအား​လျှပ် စစ်ရဖို့​၊​ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကိုကြိုး​ကိုင်ဖို့​၊​ လုံခြုံ​ရေး​ထိမ်း​ချုပ်ဖို့​ ​ရေကာတာကို ဗုံး​တလုံး​ထောင်ထား​သလို လုပ်ထား​တာ။ ဒါ​ကြောင့်​ ကိုယ့်​ပြည်သူ​တွေ​သေမှာကို ​ကြောက်တဲ့​ ​ခေါင်း​ဆောင်​တွေက သူတို့​(တရုတ်) ဘာပဲ​ပြော​ပြော နား​ထောင်ရ​တော့​မှာပဲ။ ကိုယ့်​ပြည်သူ​တွေ သန်း​ချီ​သေမယ့်​ကိစ္စ ဖြစ်သွား​ပြီ။ စဉ်း​စား​စရာ​တွေ တသီတတန်း​ကြီး​ ဖြစ်သွား​ပြီ။ ဒါ​ကြောင့်​ ​တော်​တော်​ကြောက်တယ်” ဆိုတာကိုလည်း​ ဦး​မြင့်​ရဲ့​ သ​ဘောထား​မှတ်ချက်နဲ့​တကွ စာထဲမှာ​ဖော်ပြထား​ပါတယ်။

ဦး​မြင့်​က မြစ်ဆုံ​ရေကာတာကိစ္စ အ​ရေး​တကြီး​ ​ဆွေး​နွေး​နေကြတဲ့​ အခုလိုအချိန်မှာ သူ့​အ​နေနဲ့​ ဒူဝါရဲ့​ ​ဆွေး​နွေး​ချက်နဲ့​ ခံစား​ချက်​တွေကို ပြည်တွင်း​ပြည်ပက မြန်မာ​တွေအား​လုံး​ကို မျှ​ဝေသင့်​တယ်လို့​ ယူဆလို့​ ပြန်လည် ​ဖော်ထုတ်ရတာဖြစ်တယ်လို့​လည်း​ ဆိုပါတယ်။

ဦး​မြင့်​က “မြစ်ဆုံစီမံကိန်း​ဟာ ဧရာဝတီမြစ်​ကြောင်း​တ​လျှောက်လုံး​မှာ အကျိုး​သက်​ရောက်မှု ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့်​ မဲ​ခေါင်မြစ်​ကော်မရှင် (Mekong River Commission) အဖွဲ့​လို ဂုဏ်သိက္ခာနှင့်​ ကျွမ်း​ကျင်မှုရှိတဲ့​ ​လေး​စား​လောက်တဲ့​ အဖွဲ့​ရဲ့​ စုံစမ်း​မှုမျိုး​လိုတယ်၊​ ဒီလိုစုံစမ်း​မှု​တွေလုပ်ပြီး​၊​ အဘက်ဘက်က စိုး​ရိမ်မှု​တွေကို ​သေချာသုံး​သပ်ပြီး​တော့​မှ စီမံကိန်း​ကို ဆက်လုပ်သင့်​မလုပ်သင့်​ စဉ်း​စား​သင့်​တယ်”လို့​ ပြန်လည်​ဆွေး​နွေး​ခဲ့​တယ်လို့​ ဆိုပါတယ်။

မဲ​ခေါင်မြစ်​ကော်မရှင်ကို ၁၉၉၅ ခုနှစ်တုန်း​က မြစ်​ခေါင်မြစ်ဝှမ်း​ဒေသက မြစ်​ကြောင်း​ထိန်း​သိမ်း​ရေး​ ​စောင့်​ရှောက်ဖို့​ ရည်ရွယ်ပြီး​၊​ က​မ္ဘောဒီယား​၊​ လာအို၊​ ထိုင်း​၊​ ဗီယက်နမ်တို့​နဲ့​ ဖွဲ့​စည်း​ထား​တဲ့​အဖွဲ့​ ဖြစ်ပါတယ်။

လွန်ခဲ့​တဲ့​တနှစ်​ကျော်က ဒူဝါ​ဇော်ဂမ်နဲ့​ ​ဆွေး​နွေး​ခဲ့​စဉ်က ယုံကြည်ချက်အတိုင်း​ပဲ အခုလည်း​ လက်ခံယုံကြည်တဲ့​အ​လျောက် သူ့​အမြင်နဲ့​ အကြံပြုချက်ကို သမ္မတရဲ့​ စီး​ပွား​ရေး​ အကြံ​ပေး​ခေါင်း​ဆောင် အ​နေနဲ့​ အစိုး​ရ အဆင့်​မြင့်​အရာရှိ​တွေကို တင်ပြထား​ပြီလို့​လည်း​ ဦး​မြင့်​က ဆိုပါတယ်။

မြစ်ဆုံ​ရေကာတာကို မ​ဆောက်ဘဲနဲ့​ မြစ်ညာပိုင်း​မှာ ​ရေကာတာငယ်​လေး​ ၂ ခု ​ဆောက်ပြီး​ တူညီတဲ့​ ​ရေအား​လျှပ်စစ် ထုတ်လုပ်နိုင်မယ်ဆိုရင် စီး​ပွား​ရေး​အကျိုး​ကျေး​ဇူး​က တူညီပြီး​​ စီး​ပွား​ရေး​၊​ လူမှု​ရေး​နဲ့​ နိုင်ငံ​ရေး​နယ်ပယ်နဲ့​ လူ​တွေရဲ့​ ခံစား​မှု​တွေကို ထိခိုက်မှု နည်း​ပါး​နိုင်လို့​ ဒီကိစ္စကို စဉ်း​စား​သင့်​တယ်လို့​ ဦး​မြင့်​က အကြံပြုထား​ပါတယ်။

ဧရာဝတီမြစ် ပျက်စီး​မှာကို စိုး​ရိမ်တဲ့​ ပညာရှင်​တွေနဲ့​ သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​ လှုပ်ရှား​သူ​တွေက ကန့်​ကွက်​နေကြ​ပေမယ့်​ အမှတ် ၁ လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ဌာန ဝန်ကြီး​ ဦး​ဇော်မင်း​က ဒီစီမံကိန်း​ကို ဘယ်လိုကန့်​ကွက်မှု​တွေပဲ ရှိရှိ မဖြစ်မ​နေ လုပ်မယ်လို့​ ​ပြောခဲ့​ပါတယ်။

ဒါ့​အပြင် စက်မှုဖွံ့​ဖြိုး​ရေး​ဝန်ကြီး​ဌာန ဝန်ကြီး​ ဒုတိယဗိုလ်ချုပ်ကြီး​သိန်း​ဌေး​ကလည်း​ မြစ်ဆုံစီမံကိန်း​က​နေ လျှပ်စစ်ဓာတ်အား​ ၁၈,၀၀၀ ထွက်ရှိမယ်၊​ မြစ်​ရေရဲ့​ ၇ ရာခိုင်နှုန်း​ကိုပဲ သုံး​မှာဖြစ်လို့​ စနစ်တကျတွက်ချက်ပြီး​မှ ​ဆောင်ရွက်တာလို့​ ကြာသပ​တေး​နေ့​က ပြည်သူ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ထပ်မံ ​ပြောကြား​သွား​ပါတယ်။

ဧရာဝတီမြစ်ဖျား​ မြစ်ဆုံစီမံကိန်း​ကို မြန်မာအစိုး​ရက တရုတ်အစိုး​ရရဲ့​ အကူအညီနဲ့​ လုပ်​နေတာဖြစ်ပြီး​ ဒီကထွက်တဲ့​ လျှပ်စစ်ဓာတ်အား​ ၉၀ ရာခိုင်နှုန်း​ကို တရုတ်နိုင်ငံကို ​ရောင်း​ချမှာ ဖြစ်ပါတယ်။

No comments: