Wednesday, September 28, 2011

ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်မှု​အောက်မှာ စည်း​လုံး​ညီညွတ်ကြရန် တိုက်တွန်း

အေး​နိုင်

ပါတီဝင်​တွေအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဦး​ဆောင်မှု​အောက်မှာ စည်း​လုံး​ညီညွတ်ကြဖို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က တိုက်တွန်း​လိုက်ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီထူ​ထောင်ခြင်း​ ၂၃ နှစ်​မြောက် အထိမ်း​အမှတ် အခမ်း​အနား​မှာ ​ကြေညာချက်ထုတ်ပြန် တိုက်တွန်း​လိုက်တာပါ။

ကြေညာချက်ထဲမှာ အဖွဲ့​ချုပ်ဝင်အား​လုံး​ဟာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဦး​ဆောင်မှုနဲ့​ အဖွဲ့​ချုပ် အလံ​တော်​အောက်မှာ ယုံကြည်ချက်၊​ ခံယူချက်တို့​နဲ့​ ရည်ရွယ်ချက်ပန်း​တိုင် ​ရောက်တဲ့​အထိ သစ္စာရှိရှိ စည်း​စည်း​လုံး​လုံး​ ညီညီညွတ်ညွတ် ရပ်တည်ကြဖို့​ တိုက်တွန်း​ထား​ပါတယ်။

အခမ်း​အနား​သဘာပတိ အဖွဲ့​ချုပ်ဒုဥက္ကဋ္ဌ ဦး​တင်ဦး​နဲ့​ ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီဝင် ဦး​ဝင်း​တင်တို့​ကလည်း​ အဓိကအား​ဖြင့်​ လက်ရှိကာလ မြန်မာ့​နိုင်ငံ​ရေး​ဟာ သိမ်​မွေ့​လွန်း​တဲ့​အတွက် အဖွဲ့​ချုပ်ဝင်​တွေအ​နေနဲ့​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဦး​ဆောင်မှုအတိုင်း​ ညီညီညွတ်ညွတ်လိုက်ပါကြဖို့​ အထူး​တိုက်တွန်း​ပြောဆိုခဲ့​ကြပါတယ်။

ဒုတိယဥက္ကဋ္ဌ ဦး​တင်ဦး​က “ယ​နေ့​ကာလဟာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်အတွက် အ​ရေး​ကြီး​သော ကာလတခုလည်း​ ဖြစ်​နေပါတယ်။ နိုင်ငံ​ရေး​ ​ခြေလှမ်း​သစ်များ​ကို သတိကြီး​မား​စွာထား​၍ လုပ်​နေရသည့်​ ကာလလည်း​ ဖြစ်ပါတယ်။ ယခုအချိန်ကာလတွင် ဒီမိုက​ရေစီနှင့်​ လူ့​အခွင့်​အ​ရေး​ ရရှိ​ရေး​အတွက် အဖွဲ့​ချုပ် အဖွဲ့​ဝင်များ​က မည်သည့်​နည်း​နှင့်​မျှ စုစည်း​ညီညွတ်မှုကို​သော်လည်း​ကောင်း​၊​ စည်း​လုံး​ညီညွတ်မှုကို​သော်လည်း​ကောင်း​၊​ ကြိုး​ပမ်း​အား​ထုတ်မှုများ​ကို​သော် လည်း​ကောင်း​။ ​လျော့​ပါး​စေမည့်​ ထိခိုက်​စေမည့်​ အ​ပြောအဆို၊​ အပြုအမူများ​ကို မပြုလုပ်မိကြရန် အထူး​လိုအပ်ပါတယ်” လို့​ ​ပြောပါတယ်။

အဖွဲ့​ချူပ်ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီဝင် ဦး​ဝင်း​တင်ကလည်း​ “အပြုအပြင်​တွေ အ​ပြောင်း​အလဲ​တွေရှိသလား​။ ရှိရင်ကျ​နော်တို့​ ဘယ်လိုလုပ်ကြမလဲ၊​ ကျ​နော်တို့​ရဲ့​ ခံစား​ချက်က​တော့​ ကျ​နော်တို့​ဟာ ​တောတိုး​နေရသလိုပဲ ဖြစ်​နေတယ်။ အခက်အခဲ​တွေ အများ​ကြီး​ရှိတယ်။ အခက်အခဲ​တွေ အကျပ်အတည်း​တွေအား​လုံး​ကို ကျ​နော်တို့​ဟာ ဖြိုပြီး​တော့​ ​တောတိုး​သလို တိုး​ပြီး​တော့​ သွား​ရမယ့်​ အ​နေအထား​မျိုး​ဖြစ်တယ်လို့​ ကျ​နော်ယူဆပါတယ်။ ဒီကာလတခုမှာလည်း​ ကျ​နော်တို့​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ခေါင်း​ဆောင်မှုကိုပဲ ခံယူပြီး​တော့​ လုပ်ကိုင်​နေပါတယ်” လို့​ ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ သူ့​အ​ပေါ်ကျ​ရောက်တဲ့​တာဝန်ကို တတ်စွမ်း​သ​ရွေ့​ ထမ်း​ရွက်မယ့်​အ​ကြောင်း​နဲ့​ နိုင်ငံ​ရေး​အရ အဓိကကျတဲ့​ ​ခြေလှမ်း​တွေကိုလှမ်း​ပြီဆိုရင် လူထုကို မရှင်း​ပြဘဲ လုပ်​ဆောင်မှာ မဟုတ်တဲ့​အ​ကြောင်း​ အမှာစကား​မှာ ထည့်​သွင်း​ပြောဆိုပါတယ်။

“ကျမတို့​ အ​နေနဲ့​ ကျမတို့​ ဘာလုပ်လုပ်။ တကယ်အဓိကကျတဲ့​ ​ခြေလှမ်း​တွေလှမ်း​ပြီဆိုလို့​ရှိရင် ကျမတို့​ အဖွဲ့​ချုပ်ဝင်​တွေအ​နေနဲ့​ ပြည်သူလူထုကို မရှင်း​ပြဘဲနဲ့​ ဘယ်​တော့​မှမလုပ်ပါဘူး​၊​ ဒါဟာ ဒီမိုက​ရေစီပါတီတခုပါ။”

အဖွဲ့​ချုပ် ​တောက်​လျှောက်ကိုင်စွဲတဲ့​ အကြမ်း​မဖက် ​တွေ့​ဆုံ​ဆွေး​နွေး​ရေနဲ့​ အ​ဖြေရှာမယ့်​မူဝါဒ​ပေါ်မှာ ရပ်တည်ပြီး​တော့​ ​ပြောင်း​သာပြင်သာရှိတဲ့​အ​နေအထား​မှာ အမြဲ​နေသွား​မှာဖြစ်တယ်လို့​ ဆိုပါတယ်။

“ဒီလို ဒီအတိုင်း​ မ​ပြောင်း​မလဲလုပ်မယ်ဆိုတဲ့​ စိတ်ဓာတ်မျိုး​ ကျမတို့​မထား​ပါဘူး​။ ကမ္ဘာကြီး​က ​ပြောင်း​လဲ​နေတယ်။ အချိန်ကာလက ​ပြောင်း​လဲ​နေတယ်။ ဒီလို ​ပြောင်း​လဲ​နေတဲ့​ ​လောကကြီး​မှာ ကျမတို့​ မ​ပြောင်း​မလဲ သွား​မယ်ဆိုတာ​တော့​မဖြစ်နိုင်ပါဘူး​” လို့​ ​ပြောပါတယ်။

အတိတ်ရဲ့​အဖြစ်အပျက်​တွေကို သင်ခန်း​စာယူရမှာဖြစ်​ပေမယ့်​ အတိတ်ရဲ့​ ချုပ်​နှောင်မှုကို မခံရ​အောင် ​နေနိုင်ကြရမယ်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ထည့်​သွင်း​ပြောဆိုပါတယ်။

ဒီမိုက​ရေစီ​တောင်း​ဆိုတဲ့​ ရှစ်​လေး​လုံး​က​နေ ​ပေါက်ဖွား​လာတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ မဲပြတ်အနိုင်ရ​ပေမယ့်​ စစ်အစိုး​ရက အာဏာလွှဲ​ပြောင်း​မ​ပေး​ခဲ့​ပါ။

No comments: