Monday, September 26, 2011

မြန်မာစစ်တပ် လဂျားယန်ဂိတ်တွင် KIO (၃) ဦး ပစ်ခတ်ခံရ

KNG


ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၀င် (၃) ဦးသည် လဂျားယန် မြန်မာစစ်တပ်ဂိတ်တွင် ပစ်ခတ်ခံရပြီး (၁)ဦး ဒဏ်ရာရရှိသည်ဟု မျက်မြင်သက်သေများပြောသည်။

KIO အရပ်ဘက်အုပ်ချုပ်ရေးဌာနမှ အရာရှိတဦးနှင့် စစ်သား ၂ ဦးတို့ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အစိုးရဂိတ် ဖြတ်ရန် ကြိုးပမ်းစဉ် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်။

အပစ်ခံရသူ အားလုံး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း စစ်သားတစ်ဦးမှာ ၀မ်းဗိုက်တွင် ကျည်ဆံထိမှန် ဒဏ်ရာရရှိသည်ဟု KIA အရာရှိများဆိုသည်။

လဂျားယန်ဂိတ်သည် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်တွင်ရှိပြီး KIO ဗဟိုဌာနချုပ် လိုင်ဇာနှင့်လည်း (၄) မိုင်အကွာတွင် ရှိသည်။

No comments: