Saturday, September 24, 2011

ရွှေပြည်သစ်ဘိန်းဖြတ်စခန်းကို KIA စီးနင်းသိမ်းပိုက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် နမ့်အွန်နှင့် တီးမရွာ အကြား ဖွင့်လှစ်ထားသော ရွှေပြည်သစ် ဘိန်းဖြတ် စခန်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က KIA တပ်ဖွဲ့က စီးနင်းသိမ်းပိုက်လိုက်ပြီး ခြုံရေးရဲ တပ်ဖွဲ့ဝင်များနှင့် ဆေးဖြတ်သမားများ ကိုဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည် ။

ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်နှင့် ဆေးဖြတ်သမား ၅၂ ဦးတို့အား KIA မှ တီးမားရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရဲတွေက ခုခံမှုမရှိဘူး ။ သေနတ်တစ်ချက်မှ မဖေါက်ရပဲ သိမ်းလိုက်တာပေါ့ ။ ဘိန်းဖြတ်လူ ၅၂ ယောက်ကို တုန်ဖုန်းထော် လာဂျီ တစ်စီး၊ ရဲ ၁၀ ယောက်ကို သုံးဘီးတစ်စီးနဲ့ တီးမ ဘက်ကို ခေါ်သွားတယ်။ ရဲတွေဆီက သေနတ်တွေကိုတော့ သိမ်း ထားပြီး လူတွေအားလုံးကို ညတွင်းချင်းပြန်လွတ်ပေးလိုက်တယ်” ဟုသူကဆိုသည်။

ယမန်နေ့ ညနေ ၅ နာရီခန့်က အဆိုပါ KIA တပ်ဖွဲ့နောက်သို့ အစိုးရဘက်မှ မုံးပုတ်ပြည်သူ့စစ်နှင့်ရဲတပ်ဖွဲ့ဝင် များ လိုက်သွားသည်ဟု ဆိုသည်။

၁၉၉၇ ခန့်က ရွှေပြည်သစ်လူငယ်ပြုစုပျိုးထောင်ရေးစခန်း အမည်ဖြင့် ယူနီဆက်ထံမှ ငွေကြေးအကူအညီယူကာ ဖွင့် လှစ်ခဲ့သော ဘိန်းဖြတ်စခန်းဖြစ်ကြောင်း သိရသည်။

No comments: