Tuesday, September 27, 2011

မြို့သစ် ဆက်သွယ်ရေး မျှော်စင်ရုံးကို KIA ၀င်သိမ်းထား

KNG


ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့သစ်တွင် စိုက်ထူထားသော ဆက်သွယ်ရေးမျှော်စင်ရုံး အား ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) က စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှ ၀င်သိမ်းထားဆဲ ဖြစ်သည်။

ထိုသို့ဝင်စီးရာတွင် တိုက်ခိုက်မှုမရှိဘဲ KIA လာရောက်သိမ်းပိုက်ချိန်တွင် အစောင့် ရဲတပ်သား ၅ ယောက်သာ ရှိသည်ဟု သိရသည်။

KIA တို့သိမ်းပိုက်လိုက်ပြီးနောက် မြန်မာအစိုးရတပ်များ ထိုဒေသအနီးတ၀ိုက်တွင် နေရာယူလာကြောင်း ဒေသခံများပြောသည်။

No comments: