Monday, September 26, 2011

နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ ဆု​တောင်း​မည့်​သူများ​ကို ရဲကတား​ဆီး

ဒီဗွီဘီ

ရန်ကုန်မြို့ တော်ခန်းမ အနီးမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက် ရေး ဆုတောင်း ပွဲလုပ်ဖို့ သွားသူ ၄၀၀ ကျော်ကို ရဲတပ်ဖွဲ့က လမ်းမှာ တားဆီး လိုက်တယ်လို့ ဆုတောင်း ပွဲကို ဦးဆောင်သူ တဦးဖြစ်တဲ့ နော် အုန်းလှက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကွန်ရက်အဖွဲ့ဝင် ၄၀၀ ကျော် စီးနင်း လိုက်ပါ လာတဲ့ ဘီအမ်ဟီးနိုးကား ၃ စီးကို ရဲတပ်ဖွဲ့ဝင် တွေက မရမ်းကုန်း မြို့နယ် ကမ္ဘာအေး ဘုရားလမ်း မိုးလေ ၀သနှင့် ဇလဗေဒ ဦးစီးဌာန ရုံးချုပ် ရှေ့နားမှာ တားဆီး တာဖြစ်ပြီး အတားခံ ရတဲ့ နေရာ မှာပဲ ဆုတောင်းပွဲ လုပ်မယ် လို့ အဖွဲ့ဝင် တဦးက မွန်းလွဲ တနာရီခွဲ ဆက်သွယ် မေးမြန်းစဉ် ပြောကြား ပါတယ်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းမယ့် သူတွေဟာ ဒီနေ့မနက်မှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မကွေး ပရိယတ္တိ စာသင် တိုက်မှာ သံဃာ တော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းပြီး နောက် ဆုတောင်း ပွဲပြုလုပ်ဖို့ အသွား လမ်းမှာ ခုလိုတားဆီးခံရတာပါ။

တားဆီး ခံရတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူ တွေဟာ မွန်းလွဲ ၂ နာရီ လောက်မှာ နှစ်ယောက်တတွဲ လူစုခွဲ လိုက်ကြပြီး ၃ နာရီလောက်မှာ ရန်ကုန်မြို့လယ် ဆူးလေစေတီမှာ ပြန်စုစည်းကြပါတယ်။

သက်ဆိုင် ရာက ၁၅ မိနစ် ဆုတောင်း ခွင့်ပြုတဲ့ အတွက် ၀တ်ပြုဆုတောင်းသူ ၁၀၀ ကျော်ဟာ ဆူးလေ စေတီ ကြာသပတေး ထောင့်မှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်း ကြတယ်လို့ ၀တ်ပြုဆု တောင်းအဖွဲ့ ၀င်တဦးက ပြောပါတယ်။

No comments: