Saturday, September 24, 2011

ရွှေပြည်သစ် ရဲဘက်စခန်းကို KIO စီးနင်းဖြစ်ခဲ့ပုံက

ဖနိဒါ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ တပ်ဖွဲ့အင်းအား ၂ဝ ဦးခန့်က မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်းရှိ ရွှေပြည်သစ် ရဲဘက် အကျဉ်းစခန်းကို စီးနင်းကာ အကျဉ်းသား ၅၅ ဦးကို လွှတ်ပေးခဲ့သည်ဟု KIO ၏ ပြောရေးဆိုခွင့်ရသူ ဦးလနန်က ပြောသည်။

“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ ထိုအကျဉ်းစခန်း အနီး KIO တပ်ဖွဲ့များ သွားလာ လှုပ်ရှားနေသဖြင့် အကျဉ်းစခန်း လုံခြုံရေးများ ပစ်ခတ်ရာက စီးနင်းမှုအထိ ဖြစ်ပွားခဲ့ရခြင်းဟု ဆိုသည်။

တချိန်တည်းမှာပင် အစိုးရတပ်များက KIO ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။ ရွှေပြည်သစ် ရဲဘက် အကျဉ်းစခန်းကို KIO တပ်ဖွဲ့များ မည်သို့ ဝင်ရောက်စီးနင်းကာ ဖွင့်ပေးခဲ့မှုအား အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် မဇ္စျိမမှ ဆက်သွယ် မေးမြန်းထားသည်။

“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ ထိုအကျဉ်းစခန်း အနီး KIO တပ်ဖွဲ့များ သွားလာ လှုပ်ရှားနေသဖြင့် အကျဉ်းစခန်း လုံခြုံရေးများ ပစ်ခတ်ရာက စီးနင်းမှုအထိ ဖြစ်ပွားခဲ့ရခြင်းဟု ဆိုသည်။

တချိန်တည်းမှာပင် အစိုးရတပ်များက KIO ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။ ရွှေပြည်သစ် ရဲဘက် အကျဉ်းစခန်းကို KIO တပ်ဖွဲ့များ မည်သို့ ဝင်ရောက်စီးနင်းကာ ဖွင့်ပေးခဲ့မှုအား အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် မဇ္စျိမမှ ဆက်သွယ် မေးမြန်းထားသည်။

ဘယ်မြို့နယ်၊ ဘယ်ရဲဘက်စခန်းကို ဝင်စီးတာပါလဲ။

“မူဆယ်မြို့နယ် အတွင်းမှာရှိတဲ့ ရွှေပြည်သစ် ရဲဘက်စခန်းပါ၊ တပ်ရင်း ၉ ဌာနချုပ်နဲ့တော့ ဝေးပါတယ်။ ဒီရွှေပြည်သစ်နေရာက အရင်တုန်းက ကျနော်တို့ တပ်ရင်း ၉ ဧရိယာပါပဲ။ အဲဒီနောက်ပိုင်း အပစ်အခတ် ရပ်စဲရေး လုပ်လာတဲ့အခါမှာ သူတို့ အရင်တုန်းက ၂ဝဝဝ ခုနှစ်လောက်မှာ ဘိန်းဖြတ်စခန်း ဆိုပြီးတော့ ဖွင့်တယ်။ ဒါပေမယ့် သူတို့ရဲ့ ဌာနဆိုင်ရာ လူကြီးတွေ အပြောင်းအလဲ များလာတဲ့အခါမှာ နောက်ဆုံးတော့ ဘိန်းဖြတ်စခန်းကို မရှိတော့ဘဲ အကျဉ်းစခန်းဆိုပြီးတော့ ပြန်လုပ်ထားတာပါ။”


“မူဆယ်မြို့နယ် အတွင်းမှာရှိတဲ့ ရွှေပြည်သစ် ရဲဘက်စခန်းပါ၊ တပ်ရင်း ၉ ဌာနချုပ်နဲ့တော့ ဝေးပါတယ်။ ဒီရွှေပြည်သစ်နေရာက အရင်တုန်းက ကျနော်တို့ တပ်ရင်း ၉ ဧရိယာပါပဲ။ အဲဒီနောက်ပိုင်း အပစ်အခတ် ရပ်စဲရေး လုပ်လာတဲ့အခါမှာ သူတို့ အရင်တုန်းက ၂ဝဝဝ ခုနှစ်လောက်မှာ ဘိန်းဖြတ်စခန်း ဆိုပြီးတော့ ဖွင့်တယ်။ ဒါပေမယ့် သူတို့ရဲ့ ဌာနဆိုင်ရာ လူကြီးတွေ အပြောင်းအလဲ များလာတဲ့အခါမှာ နောက်ဆုံးတော့ ဘိန်းဖြတ်စခန်းကို မရှိတော့ဘဲ အကျဉ်းစခန်းဆိုပြီးတော့ ပြန်လုပ်ထားတာပါ။”

KIO တပ်ဖွဲ့ဝင် ဘယ်နှစ်ယောက်လောက်နဲ့ ဝင်စီးတာပါလဲ။

“KIO တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ က ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ၂ဝ ယောက်လောက်ပါ။”

အစိုးရဘက်က အကျဉ်းစခန်းကို စောင့်ကြည့်နေတဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဘယ်လောက်ရှိလဲ။

“သူတို့ဘက်ကတော့ ဘယ်နှစ်ဦး ရှိတယ်ဆိုတာ မသိဘူး။ ဒါပေမယ့် ကျနော်တို့ တပ်ဖွဲ့တွေ ဝိုင်းလာတဲ့အခါမှာ လုံခြုံရေး ယူနေတဲ့ အဖွဲ့ပေါ့နော်။ ပြည်သူ့စစ်နဲ့ ရဲ တွေပဲနေတယ်။ သူတို့က ထွက်ပြေးသွားတယ်။ အဲဒီမှာ သူတို့ရဲ့ တပ်ဖွဲ့ဝင် ရှစ် ယောက်ကျန်ခဲ့တယ်။ အဲဒီ ရှစ် ယောက်က စခန်းရဲ့ ရဲအုပ်ဖြစ်တဲ့ အေးသန်း နှစ်ပွင့်ပေါ့နော်။ သူ့အပေါင်းအပါ အားလုံး ရှစ် ဦးကတော့ လက်မြောက်ပြီးတော့ အဖမ်းခံတာပါ။ ဒါကြောင့်မလို့ ပစ်ခတ်မှု မရှိဘဲနဲ့ အသာတကြည်ပဲ ဒီစခန်းကို ဝင်ရောက်သွားနိုင်တယ်။ ဝင်ရောက်ပြီးတော့ အကျဉ်းသားတွေကို တံခါးဖွင့်ပေးပြီးတော့ ခေါ်ထုတ်နိုင်ခဲ့တယ်။”

အကျဉ်းသားအလုံး ဘယ်နှစ်ဦးကို လွတ်ပေးခဲ့တာလဲရှင့်။

“အားလုံးက ဘယ်လောက်လဲဆိုတာ အတိအကျတော့ မသိဘူး။ ဒါပေမယ့် ကျနော်တို့ လွှတ်ပေးလိုက်တာ အကျဉ်းသား ၅၅ ဦးပါ။”

ဒီအကျဉ်းသား ၅၅ ဦးထဲမှာ ဘယ်လို ပြစ်ဒဏ်ချခံရတဲ့ အကျဉ်းသားတွေ ပါဝင်ပါသလဲ။

“ကျနော်တို့ ကေအိုင်အိုနဲ့ သက်ဆိုင်တဲ့ လူ အကျဉ်းသား နှစ်ဦးပါတယ်။ ကေအိုင်အို တပ်ဖွဲ့ဝင်လား၊ တပ်ဖွဲ့ဟောင်းလား မသိဘူး။ ရှေ့တန်း ဧရိယာမှာ ဖြစ်တဲ့အတွက် သူတို့လည်း မေးမြန်းထားတာတော့ ရှိတယ်။ ခုတော့ မရောက်သေးဘူး။ ခုနက ဖုန်းနဲ့ပဲ မေးမြန်းထားတဲ့ အချက်လောက်ပဲ သိတယ်။ နောက်ပြီး ၁၆ ဦးကတော့ သူတို့ရဲ့ ထွက်ဆိုချက်ကို ခြုံပြီးတော့ ကြည့်မယ်ဆိုလို့ ရှိရင် သူတို့ တပ်မတော်ထဲမှာ မနေချင်လို့ အထက်က အရာရှိတွေ မတရားညှင်းဆဲတာ ခံရတဲ့အတွက်ကြောင့်မို့ ထွက်ပြေးလာတဲ့ တပ်ပြေးတွေပေါ့နော်။ သူတို့ကို ပြန်ဖမ်းဆီးရမိပြီးတော့ အကျဉ်းချထားတဲ့ လူတွေပါတယ်။ ကျန်တာကတော့ မူးယစ်ဆေးဝါးနဲ့ မသင်္ကာပြီးတော့ ဖမ်းထားတဲ့လူတွေ ပါတယ်။ နောက်ပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲတဲ့လူတွေလည်း အနည်းအကျဉ်း ပါတယ်။ တချို့က ယဉ်တိုက်မှုနဲ့ ဖမ်းထားပြီးတော့ ထည့်ထားတဲ့သူတွေ ပါတယ်ခင်ဗျ။”

အကျဉ်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေ ဘယ်လို ပုံစံရှိတယ်ဆိုတာကို ပြောပြပေးပါဦး။

“ဒါကတော့ မြန်မာပြည်မှာ ရှိနေတဲ့ အကျဉ်းစခန်းအားလုံးမှာ ရှိတဲ့ အကျဉ်းသားတွေကတော့ အာဟာရ ချို့တဲ့မှုကတော့ ရှိကြမှာပဲ။ ကျန်းမာရေး ချို့တဲ့မှုကတော့ ရှိကြတာပဲ။ အဖျားအနာလည်း ရှိကြမှာပဲ။ ဒါပေမယ့် တယောက်ချင်းအလိုက် ရုပ်ပိုင်းဆိုင်ရာ ဆိုးဝါးတယ်ဆိုတာ ကျနော်တို့ကို ဖုန်းနဲ့ပဲ ပြောလာတယ်ဆိုတော့ မသိရဘူး။”

သူတို့ အားလုံးကို ဘယ်လိုပုံစံနဲ့ လွှတ်ပေးလိုက်တာလဲ။

“အဲဒီ အကျဉ်းစခန်းမှာဘဲ မေးစရာရှိတာ မေး၊ စာရင်းတွေ ကောက်ပြီးတော့ ပြောစရာ ရှိတာ ပြောပြီးတော့ လွှတ်ပေးလိုက်တာပါ။ ခုန ဖမ်းခံထားရတဲ့ ရဲ ၈ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီကိစ္စတွေ အားလုံးပြီးတဲ့အခါမှာ အဲဒီစခန်းကနေ ပြန်ပြီးတော့ ဆုတ်ခွာသွားပါတယ်။ ကျနော်တို့ဘက်က စခန်းကို ဖျက်ဆီးလိုက်တာမျိုး ဘာမှ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ရဲတွေလက်ထဲကနေ သေနတ် ရှစ် လက်ကတော့ ကျနော်တို့ သိမ်းဆည်းထားတယ်ခင်ဗျ။”

ဘယ်လိုကြောင့် ဒီအကျဉ်းသား ရဲဘက်စခန်းကို ဖွင့်ပေးခဲ့တာလဲ။

“ဖြစ်ပုံရတော့လေ။ အဲဒီနေ့ ကျနော်တို့ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) ကတပ်ဖွဲ့ဝင်တွေ အဲဒီ ရွှေပြည်သစ် စခန်းနဲ့ မနီးမဝေးနေ ဖြတ်သွားတာပါ။ အဲဒီမှာ တာဝန်ယူနေတဲ့ ရဲတွေကနေပြီးတော့ သေနတ်နဲ့ ပစ်ပြီးတော့ ခြောက်လန့်တာမျိုး လုပ်တယ်။ ဒါကြောင့်မို့ မွန်းလွဲ တနာရီလောက်မှာ ကျနော်တပ်ဖွဲ့တွေက သွားပြီးတော့ ဝိုင်းလာတဲ့အခါ အဲဒီရဲတွေက ထွက်ပြေးသွားတာပါ။”

“တကယ်တော့ အစကတည်းက သူတို့ လုံခြုံရေး ရဲတွေက မပစ်ဘူးဆိုရင်တော့ ကျနော်တို့ တပ်ဖွဲ့တွေ အဲဒီ အကျဉ်းစခန်းကို ဖွင့်ပေးဖို့ ဘာမှ အစီအစဉ် မရှိဘူး။ သူတို့ဘက်က စပစ်တယ် ဆိုရင်တော့ ကျနော်တို့လည်း ပြန်ပြီးတော့ အရေးယူတဲ့ အပိုင်းပါ။ ဒါပေမယ့် တပ်ဖွဲ့ဝင်တွေမှန်းသိလို့ သူတို့က လိုက်ပစ်တာ။”

KIO ဘက်ကနေ အကျဉ်းသား ရဲဘက်စခန်းကို ဖောက်ဖို့ ရည်ရွယ်ချက်ရှိလို့လား။ ဒါမှမဟုတ် ဘယ်လိုသဘောနဲ့ လုပ်ခဲ့တာလဲ။

“ဒါကတော့ ကျနော်တို့ဘက်က ရည်ရွက်ချက်တော့ မရှိပါဘူး။ ဒါပေမယ့် ပြဿနာ စဖြစ်လာတာက ရဲတွေက ပစ်ခတ်လို့သာ ဖြစ်သွားတဲ့ ကိစ္စပါ။ အဲဒီလို ဖြစ်သွားတဲ့အခါမှာ အကျဉ်းစခန်းကို ရောက်လာပြီးတော့ အကျဉ်းသားတွေကို မလွတ်ပေးဘူးဆိုရင် ကျနော်တို့ဘက်က တာဝန်မကျေရာလည်း ကျသွားမယ်လေ။ တကယ်လို့များ သူတို့ စပြီး မပစ်ဘူးဆိုရင် ဒီကိစ္စပေါ်လာစရာ အကြောင်းမရှိဘူး။”

အကျဉ်းသား စခန်းတွေကို ဖောက်ပြီး လွတ်ပေးခဲ့တာ အရင်ကရော ရှိခဲ့ဖူးလား။

“အပစ်အခတ် ရပ်စဲရေးနောက်ပိုင်းမှာ ဒီလို အကျဉ်းသားတွေကို လွတ်ပေးတာ ပထမဆုံးအကြိမ်လို့ ပြောလို့ ရတယ်ခင်ဗျ။ ကျနော်တို့ အဓိက တိုက်ခိုက်နေတာက အစိုးရ စစ်တပ်နဲ့ပါ။”

အကျဉ်းသားတွေကရော ဘယ်နေရာ ဒေသကဆိုတဲ့ စာရင်းတွေ ရောက်ပြီလား။

“အကျဉ်းသားတွေရဲ့ ကိုယ်ရေးအကျဉ်းမဟုတ်ရင်တော့ သူတို့ နာမည်နဲ့ ဘယ်ရပ်ဒေသကဆိုတာ မေးထားတာတော့ ရှိမှာပါ။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ရောက်လာဖို့ မဖြစ်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဘက်မှာ မနေ့ကနေ စပြီးတော့ စစ်ကြောင်းထိုးလာတာရှိတယ်။ တပ်ရင်း ၉ ဘက် ထိုးလာတာက အစိုးရ တပ်ဖွဲ့က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းဌာနချုပ် လက်အောက်ခံ ခမရ ၅၆၈၊ ခလရ ၂၉ဝ၊ ခလရ ၂၄၁ တို့ဖြစ်တယ်။ အင်အားကတော့ ၂ဝဝ လောက် ပတ်ဝန်းကျင်ရှိမယ်။ နောက် ကွတ်ခိုင်မြို့ကနေ တာမိုးညဲ လမ်းဘက်ကနေ တခြားတပ်ရင်းတွေ ပြန်တိုးလာတယ်လို့ သိရတယ်။ သူတို့ ဒီတခါ စစ်ကြောင်းထဲမှာ မြင်းအကောင် ၅ဝ ပတ်ဝန်းကျင်လောက် ပါတယ်လို့ ပြောတယ်။ မြင်းပါတယ်ဆိုရင်တော့ ထိုးစစ်အတွက် အများကြီး ပြင်ဆင်တာ ဖြစ်လာနိုင်တယ်။”

တိုက်ပွဲပြန်ဖြစ်တာက ဘယ်နေရာမှာ ဆက်ဖြစ်တာလဲ။

“တိုက်ပွဲက လားရှိုးကနေပြီးတော့ စစ်ကြောင်း ထိုးစစ်ဆင်တာတွေ လုပ်လာတယ်။ တပ်ရင်း ၉ ဧရိယာဘက် စစ်ကြောင်းထိုး အစီအစဉ်ရှိတယ်။ ဒါကြောင့် တပ်ရင်း ၉ ရှေ့တန်း တနေရာမှာ မနက်ပိုင်း ၁ဝ နာရီခွဲလောက်မှာ အပစ်ခတ်တာမျိုး လုပ်ခဲ့တယ်။ ဒါပေမယ့် နေ့လည်ပိုင်းလောက်မှာတော့ ငြိမ်သွားတယ်။ တိုက်ပွဲမှာ ကျဆုံးမှုသတင်းကတော့ မသိရဘူး။”

အကျဉ်းသားစခန်းကို ဖောက်ပေးလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်ကနေ KIO ကို စာနဲ့ တစုံတရာ အကြောင်းကြားတာတို့ ရှိလား။

“အစိုးရဘက်ကက ဘာမှ ပြောဆိုတာတွေ စာပို့တာတွေ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ဒီနေ့ ရတဲ့သတင်းကတော့ မနေ့ကနဲ့ ဒီနေ့ပေါ့နော်။ သူတို့ စခန်းမှာ ရှိတဲ့ ပစ္စည်းတွေကို သူတို့ သက်ဆိုင်ရာ ရဲတွေကနေ လာပြီးတော့ သိမ်းဆည်းနေတယ်လို့ သိရပါတယ်။ ဆိုလိုတာက ဒီစခန်းကို ဖျက်သိမ်းတဲ့ သဘောဖြစ်ပါလိမ့်မယ်။”

တခြား ဖြည့်ပြောချင်တာရှိရင် ပြောပါရှင့်။

“အကျဉ်းသားတွေကို ဆုံးမ သြဝါဒတွေ ပြောတယ်။ နောက်ပြီးတော့ ခင်ဗျားတို့ အကျဉ်းသားတွေကို ကျနော်တို့ ကေအိုင်အို၏ကနေ လွှတ်ပေးလိုက်တယ်။ ခင်ဗျားတို့ဘက်မှာ အပြစ်ရှိတယ် ဆိုတာလည်း သိတယ်။ ဒီလို လွတ်လိုက်တာကို နိုင်ငံရေးနဲ့ ပတ်သက်တယ်။ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်ရေးမှာလည်း ခင်ဗျားတို့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်သင့်တယ်လို့ ပြောဆိုလိုက်တယ်လို့ သိရတယ်။ အဲဒီမှာ အကျဉ်းသားတွေကလည်း ဝမ်းပန်းတသာ ကျေးဇူးတင်ကြောင်း ပြောရင်း ပြန်သွားကြတယ်လို့ သိရတယ်။ အချက်အလက် အသေးစိတ်က ဒီလောက်ပါပဲ။”

No comments: